DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
DVB
·
September 5, 2023
အမေရိကန်သမ္မတကတော် ဂျေးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
Donate to DVB

အမေရိကန်သမ္မတကတော် ဒေါက်တာ ဂျေးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၄ ရက် ညနေပိုင်းမှာ အိမ်ဖြူတော်က ကြေညာပါတယ်။

အသက် ၇၂ နှစ်အရွယ် ဒေါက်တာ ဂျေးဟာ ကိုဗစ်-၁၉‌ ရောဂါ စစ်ဆေးတွေ့ရှိပြီးနောက် အပျော့စားရောဂါလက္ခဏာကိုသာ ခံစားရပါတယ်လို့ ဂျေးရဲ့ ဆက်ဆံရေးအမှုဆောင် ဒါရိုက်တာ အဲလိဇဘက် အလက်ဇန်ဒါက ထုတ်ပြန်ခဲ့ပြီး ဂျေးဟာ ရိုဟိုဘို့ကမ်းခြေက သူ့ရဲ့ အိမ်မှာပဲ အနားယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သမ္မတကတော်မှာ ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သမ္မတ ဘိုင်ဒင်ကိုလည်း စစ်ဆေးခဲ့ပေမဲ့ ပိုးမတွေ့ဘူးလို့ အိမ်ဖြူတော်သတင်းထောက် ကရင်း ဂျိမ်း ပရင်းက ဆိုပါတယ်။

“သမ္မတက ဒီတပတ် ပုံမှန်လေ့ကျင့်ခန်းမှာ စမ်းသပ်ပြီး ရောဂါလက္ခဏာတွေကို စောင့်ကြည့်သွားမှာပါ” လို့ ဂျိမ်းပရင်းက ပြောပါတယ်။

ပါမောက္ခဂျေးဟာ မြောက်ပိုင်း ဗာဂျီးနီးယားကွန်မြူနတီကောလိပ်မှာ ဝါရှင်တန်ဒီစီရှိ အလယ်တန်းကျောင်းသူတွေကို အခုအပတ်မှာ သင်တန်းတွေ ထပ်မံသင်ကြားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ကိုဗစ် -၁၉ ရောဂါကူးစက်ခံနေရလို့ ဂျေးဟာ သူ့ရဲ့အတန်းတွေကို အစားထိုးဖို့ လုပ်ဆောင်နေတယ်လို့ အလက်ဇန်ဒါးက CBS သတင်းဌာနကို ပြောကြားခဲ့ပြီး ဂျေးဟာ အိမ်ဖြူတော်မှာနေထိုင်စဉ် အချိန်ပြည့် အလုပ်လုပ်ကိုင်တဲ့ ပထမဆုံးသမ္မတကတော် ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒင်ဟာ  ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွက် စက်တင်ဘာ ၇ ရက်မှာ အိန္ဒိယကို သွားရောက်ဖို့ စီစဉ်ထားပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းကိုလည်း တရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒင်တို့ ဇနီးမောင်နှံဟာ ဟာရီကိန်း အိုင်ဒါလီယာ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဖလော်ရီဒါပြည်နယ် ဖလော်ရီဒါမှ ဒဲလာဝဲမြို့ကို ခရီးထွက်ပြီး နှစ်ရက်အကြာမှာ သမ္မတကတော်ရဲ့ ရောဂါကူးစက်မှု ခံထားရတဲ့ စစ်ဆေးမှုရလဒ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source-CBS

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013