DVB Logo
Home
နိုင်ငံတကာ
Barbie ရုပ်ရှင် ယခုနှစ်အတွင်း ရုံဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာ
DVB
·
September 5, 2023
Barbie ရုပ်ရှင် ယခုနှစ်အတွင်း ရုံဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာ
Donate to DVB

ကမ္ဘာတဝန်းရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတဲ့ Barbie ရုပ်ရှင်ဟာ ဝင်ငွေ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံနဲ့ ၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်လာတယ်လို့ Economic Times သတင်းဌာနမှာ ဖော်ပြပါတယ်။

စိတ်ကူးယဥ်ဟာသဇာတ်ကား Barbie ရုပ်ရှင်ဟာ ဝင်ငွေ ၁ ဒသမ ၃၅ ဘီလီယံရခဲ့တဲ့ The Super Mario Bros. Movie ဇာတ်ကားကို ကျော်ဖြတ်ပြီး တနှစ်တာအတွင်း ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ အကောင်းဆုံးဇာတ်ကား ဖြစ်လာခဲ့ပါတယ်။

Barbie ဇာတ်ကားဟာ မြောက်အမေရိကမှာ ဒေါ်လာသန်း ၆၀၀ ရရှိထားပြီး ဒေါ်လာ ၅၇၄ သန်းရတဲ့ The Super Mario Bros. Movie ဇာတ်ကားကို ကျော်ဖြတ်ကာ ပြည်တွင်းဝင်ငွေအများဆုံး ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ Box Office မှာတော့ Barbie ဇာတ်ကားဟာ လက်ရှိအချိန်ထိ ဝင်ငွေ ဒေါ်လာ သန်း ၇၆၀ လောက် ရရှိခဲ့ပါတယ်။

Barbie ဇာတ်ကားကို ၂၀၂၃ ဇူလိုင်လက ရုံစတင်ခဲ့ပြီး စတင်ပြသချိန်မှာ ဒေါ်လာ ၁၆၂ သန်း ရရှိခဲ့တာကြောင့် တနှစ်တာ အကောင်းဆုံး ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့ပြီး ၄ ပတ်ဆက်တိုက်လည်း နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

ဒါရိုက်တာအမျိုးသမီးတယောက်တည်း ရိုက်ခဲ့တဲ့ ဇာတ်ကားထဲမှာ Barbie ရုပ်ရှင်ဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံး ​ဖြစ်ခဲ့ပါတယ်။

Barbie ရုပ်ရှင်ဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီရဲ့ ကမ္ဘာတဝန်း ဝင်ငွေအကောင်းဆုံး ထုတ်ဝေမှုဖြစ်လာပြီး ၂၀၁၁ ခုနှစ်က ရုံတင်ပြီး ဝင်ငွေ ၁ ဒသမ ၃၄ ဘီလီယံ ရရှိခဲ့တဲ့ Harry Potter and the Deathly Hallows Part 2 ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Barbie ဇာတ်ကားမှာ ပန်းရောင်အပြင်အဆင်နဲ့ အသုံးအဆောင်တွေသာ အဓိကထား အသုံးပြုခဲ့ပြီး America Ferrera၊ Issa Rae၊ Will Ferrell၊ Kate Mckinnon၊ Simu Liu နဲ့ Michael Cera တို့ ပါဝင်ခဲ့ပါတယ်။

Source/ Photo-The Economic Times

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013