DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီးဆင် အာဆီယံထိပ်သီးအစည်းအဝေး မတက်ရောက်
DVB
·
September 5, 2023
ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီးဆင် အာဆီယံထိပ်သီးအစည်းအဝေး မတက်ရောက်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဒီကနေ့ စက်တင်ဘာ ၅ ရက်မှ ၇ ရက်ထိ ကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်သစ် ဆေထာထဝီးဆင် တက်ရောက်မှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံကိုယ်စားပြုအနေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နိုင်းဆလန်း ကျရွန်းဆုဝမ်း တက်ရောက်မယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ဆေထာ အနေနဲ့ ဘာကြောင့် အစည်းအဝေး မတက်ရောက်နိုင်သလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပေမဲ့ ဝန်ကြီးချုပ်ဆေထာ ဦးဆောင်တဲ့ ထိုင်းအစိုးရသစ် ဝန်ကြီးများအဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ တော်ဝင်ဘုရင်ရဲ့ အသိအမှတ်ပြု ခံယူပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ဖို့ ရှိနေပါတယ်။

ဂျကာတာမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းစီးပွားရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု နှိမ်နင်းရေး စတာတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဘက် နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြပေမဲ့ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင်ကိုတော့ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

Source-ထိုင်းနိုင်ငံခြားရေးဌာန

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013