DVB Logo
Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအရေး ဆွေးနွေးမည်ဟု စင်ကာပူထုတ်ပြန်
DVB
·
September 4, 2023
အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအရေး ဆွေးနွေးမည်ဟု စင်ကာပူထုတ်ပြန်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖလှယ်သွားဖို့ရှိတယ်လို့  စင်ကာပူဝန်ကြီးချုပ်ရုံးရဲ့ စက်တင်ဘာ ၄ ရက် ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ဂျာကာတာမြို့မှာ ၃ ရက်တာ ကျင်းပမယ့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစိမ်းရောင် စီးပွားရေးလို့ အဓိကကျတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာအောင် ဆွေးနွေးကြမယ်လို့  စင်ကာပူဝန်ကြီးချုပ်ရုံးရဲ့  ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ်  ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် အမြင်ချင်းဖလှယ်ကြမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

မြန်မာအရေးကိုဖြေရှင်းဖို့ အာဆီယံက ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်သွားဖို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကလည်း ဒီကနေ့ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ ပြောပါတယ်။

အာဆီယံထိပ်သီးခေါင်းဆောင်တွေဟာ ၂၆ ကြိမ်မြောက် ASEAN +3 ထိပ်သီးအစည်းအဝေး၊ ၁၈ ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတွေအပြင်     ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့  အမေရိကန်နဲ့ ကုလလသမဂ္ဂ စတဲ့ မိတ်ဖက်နိုင်ငံနဲ့ အစည်းအဖွဲ့အစည်းတွေနဲ့လည်း သီးခြားအစည်းအဝေးတွေ ကျင်းပမှာဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေမှာ  တရုတ်နဲ့ အာဆီယံနိုင်ငံတချို့နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် ကိစ္စနဲ့ လတ်တလော ထုတ်ပြန်ထားတဲ့ တရုတ်မြေပုံသစ်ကိစ္စတွေ ဆွေးနွေးဖို့ ရှိနိုင်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ခန့်မှန်းရေးသားထားပါတယ်။

အာဆီယံ- အမေရိကန် ထိပ်သီးအစည်းအဝေးကိုတော့  အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်နိုင်ငံမှာ မဟုတ်ဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီးချမှတ်ထားတဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ကိုတော့   အာဆီယံထိပ်သီးအစည်းအဝေးတွေမှာတော့ ပါဝင်တက်ရောက်ခွင့်မပြုပါဘူး။

Photo Credit- Lee Hsien Loong/  Terence Tan

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013