DVB Logo
Home
အားကစား
IESF World Championship ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် Dota2 အသင်း ငွေတံဆိပ်ရရှိ
DVB
·
September 4, 2023
IESF World Championship ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် Dota2 အသင်း ငွေတံဆိပ်ရရှိ
Donate to DVB

ရိုမေးနီးယားနိုင်ငံမှာ သြဂုတ် ၂၆ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် 2023 IESF World Championship Dota2 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် Dota2 အသင်းဟာ စက်တင်ဘာ ၃ ရက်က ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ မွန်ဂိုလီးယား လက်ရွေးစင်အသင်းကို ပထမပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ ၂ ပွဲဆက်တိုက် ပြန်လည်ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။

မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဖိလစ်ပိုင်၊ အီကွေဒါ၊ ယူကရိန်း၊ အမေရိကန်​၊ ဂျော်ဒန် နဲ့ ကာဇက်စတန် အသင်းတွေကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

2023 IESF World Championship Dota2 ပြိုင်ပွဲမှာ Yangon Galacticos အသင်းက မြန်မာ့လက်ရွေးစင် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ကစားသမားတွေ​အဖြစ် အောင်မြတ်စိုး၊ သီဟကျော်စွာ၊ ကောင်းဆက်ဟိန်း၊ မင်းခန့်မောင်မောင်နဲ့ ဇော်ရိန်ဆိုင်းအောင်တို့ ပါဝင်ကစားခဲ့ပါတယ်။

ငွေတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် Dota 2 အသင်းဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013