DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း  ပြည်သူ့နေအိမ်အလုံး ၁၇၅၀ ခန့်ကို မီးရှို့ဖျက်ဆီး
DVB
·
September 4, 2023
စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း  ပြည်သူ့နေအိမ်အလုံး ၁၇၅၀ ခန့်ကို မီးရှို့ဖျက်ဆီး
Donate to DVB

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဩဂုတ် တလတာအတွင်း နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးမှု ၄၈ ကြိမ်ထိ ကျူးလွန်ခဲ့ကြပြီး တိုင်းနဲ့ ပြည်နယ် ၈ ခုက အရပ်သားနေအိမ် အလုံး ၁,၇၅၀ နီးပါး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနက စာရင်းပြုစု ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၂၇ ကြိမ်နဲ့ အများဆုံး ကျူးလွန်ခဲ့ကြပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁,၁၂၈ လုံး၊ မီးရှို့သတ်ဖြတ်ခံရသူ ၄ ယောက်၊ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၁ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦး ၁ လုံး၊ ဆေးရုံ ၁ ရုံ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းထဲမှာ မီးရှို့ခံရတဲ့အကြိမ်ရေ ၈ ကြိမ်၊ မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၃၁၃ လုံးအထိ ရှိခဲ့ပြီးတော့ မီးရှို့သတ်ဖြတ်ခံရသူ ၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းထဲမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၉၂ လုံးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲမှာတော့ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ်အလုံး ၈၀ အထိ ရှိခဲ့ကာ ကချင်ပြည်နယ်မှာလည်း မီးရှို့ခံရတဲ့ အကြိမ်ရေ ၂ ကြိမ်ရှိခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၆၇ လုံးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့ အကြိမ်ရေ ၄ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၄၆ လုံးနဲ့ ထိခိုက်ပျက်စီးခဲ့တဲ့ စာသင်ကျောင်း ၁ ကျောင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်တွေ မီးရှို့ခံရတဲ့အကြိမ်ရေ ၂ ကြိမ်၊ မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၆ လုံးအထိ ရှိခဲ့ပြီးတော့ ကရင်ပြည်နယ် မှာလည်း  မီးရှို့ခံရတဲ့ အကြိမ်ရေ ၁ ကြိမ်ရှိခဲ့ပြီး မီးလောင် ပျက်စီးခဲ့ရတဲ့ အရပ်သားနေအိမ် ၆ လုံး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက လွတ်လပ်တဲ့မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်း အချက် အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်း ဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013