Home
နိုင်ငံတကာ
ကက်သလစ်ဘုရားကျောင်းများကို ကြောက်စရာ မလိုဟု ပုပ်ရဟန်းမင်းကြီး ပြော
DVB
·
September 3, 2023

ကက်သလစ်ဘုရားကျောင်းမှာ နိုင်ငံရေးအစီအစဉ်မရှိတာကြောင့် အစိုးရတွေအနေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေကို ကြောက်ရွံ့စရာ ဘာမှမရှိဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၂ ရက်မှာ ပြောခဲ့ပါတယ်။ 

မွန်ဂိုလီယားနိုင်ငံကို အလည်အပတ် ရောက်နေချိန်မှာ ပုပ်ရဟန်းမင်းကြီးဟာ သူသွားရောက် လည်ပတ်နေတဲ့ အိမ်နီးချင်းနိုင်ငံထက် တရုတ်နိုင်ငံကို ရည်ရွယ်ပုံ ပေါက်တဲ့ စကားလုံးတွေနဲ့ ခုလို ပြောလိုက်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အသက် ၈၆ နှစ်ရှိတဲ့ ဖရန်စစ်ဟာ ကက်သလစ်ဘာသာဝင် အယောက် ၁၄၅၀ သာရှိတဲ့ မွန်ဂိုလီးယား နိုင်ငံမှာ ခုလို မှတ်ချက်ပြုခဲ့တာပါ။

သေးငယ်တဲ့ ခရစ်ယာန် ဘုရားကျောင်းဟာ အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ဘုရားကျောင်းရဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ ပရဟိတလုပ်ရပ်တွေအတွက် ကျေးဇူးတင်ကြောင်းလဲ ပုပ်ရဟန်းမင်းကြီးက ဖော်ပြပြောဆို ခဲ့ပါတယ်။

ဂိုဏ်းအုပ်တွေ၊ သင်းအုပ်ဆရာတွေ၊ သာသနာပြုတွေနဲ့ ခရစ်ယာန်ဓမ္မဆရာတွေကို ပြောတဲ့ မိန့်ခွန်းအတွင်း ယေရှုခရစ်တော်ဟာ တမန်တော်တွေကို နိုင်ငံရေးလုပ်ပိုင်ခွင့်မပေးဘဲ ယုံကြည်ခြင်း အားဖြင့် “ဒဏ်ရာရှိတဲ့ လူသား” ရဲ့ဆင်းရဲဒုက္ခတွေကို သက်သာအောင်လုပ်ဖို့ မိန့်ကြားခဲ့တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ 

မွန်ဂိုလီးယားနိုင်ငံမှာ သူ့ရဲ့ ပထမဆုံးအလုပ်နေ့မှာ အစိုးရက ပုပ်ရဟန်းမင်းကြီးကို  ရိုးရာပွဲစဉ်တွေနဲ့ ဧည့်ခံခဲ့ပါတယ်။

ရှေးခေတ် မွန်ဂိုစစ်သည်တော်တွေအဖြစ် ၀တ်ဆင်ထားတဲ့ မြင်းစီးသူတွေ အပါအဝင် ရိုးရာအက တွေနဲ့  ချီတက်ဂုဏ်ပြုခဲ့ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024