DVB Logo
Home
မြန်မာသတင်း
မြိုင်တွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
September 3, 2023
မြိုင်တွင် စစ်သားနှင့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တို့က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ တွင်းမပျူစောထီစခန်းနဲ့ သရက်ကန်ပျူစောထီးစခန်းကြားမှာ ရပ်နေတဲ့ စစ်ကောင်စီထောက်ပို့ ကားတွေကို စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက အီနာဂါဗုံးသီး အလုံး ၄၀ နဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီထောက်ပို့ကား ၂ စီး ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုသုခက ဒီဗွီဘီကို ပြောပါတယ်။

တွင်းမပျူစောထီးစခန်းမှာ ပျူစောထီးတွေအိပ်နေတဲ့ နေရာကို သတင်းအတိကျရလို့ အဲဒီနေ့ ညနေပိုင်းမှာ အဆောက်အဦ ၃ လုံးကို ဒရုန်းနဲ့ အီနာဂါဗုံးသီးဖြုတ်ချကာ ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့လို့ အဆောက်ဦအမိုးပွင့်ပျက်စီးသွားပြီး ပျူစောထီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ စစ်ကောင်စီစစ်ကြောင်း သရက်ကန်ပျူစောထီးစခန်းမှာ ရပ်တန့်နေတာကို စစ်ကြောင်းမှာပါတဲ့ သတင်းပေးတယောက်က သတင်းပေးလို့ သြဂုတ် ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ယာယီစခန်းချထားတဲ့ ပျူစောထီးတွေရဲ့ နေအိမ်ကို အီနာဂါဗုံးသီးနဲ့တိုက်ခိုက်ခဲ့ပြီး ပျူစောထီး တယောက်နဲ့ စစ်ကောင်စီတပ်သား တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း၊ တပ်ခွဲတွေ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ မိုးပျံပကဖနဲ့ KMDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013