DVB Logo
Home
မြန်မာသတင်း
စစ်တပ်လက်နက်ကြီးကြောင့် ပလမြို့က ကျောင်းသား ၁ ဦးနှင့် အရပ်သားများ ဒဏ်ရာရ
DVB
·
September 3, 2023
စစ်တပ်လက်နက်ကြီးကြောင့် ပလမြို့က ကျောင်းသား ၁ ဦးနှင့် အရပ်သားများ ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၈ တန်းကျောင်းသား ၁ ယောက် အပါအဝင် အရပ်သား ၆ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့၊ မနက်ပိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ပလမြို့နားကို ဝင်ရောက်လာပြီးနောက် ပြန်လည်ဆုတ်ခွာချိန် နေ့လယ် ၁၂ နာရီမှာ ပလမြို့ရဲစခန်းကနေ လက်နက်ကြီးနဲ့ ၆ ချက် ဝန်းကျင်လောက်ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “၈ တန်းကျောင်းသားမှာ ကျတော့ ရင်ဝမှာ ကျည်စထိမှန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ နောက်ထပ် အသက် ၃၀ အရွယ်အမျိုးသမီးတယောက်လည်း ကျည်စထိမှန်ပြီး လက်ချောင်းတွေ ဖြတ်လိုက်ရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် အမှတ် ၃ ရပ်ကွက်က အရပ်သားတချို့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေရခဲ့ပြီး ၈ တန်းကျောင်းသားနဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတို့ကတော့ မြိတ်မြို့က ဆေးရုံမှာ ဆေးဝါးကုသမှုခံနေရတယ်လို့ သိရပါတယ်။

ပလမြို့ခံတယောက်က “PDF တွေဝင်လာတာက ကျောင်းမလွှတ်ခင်အချိန်မှာ ဝင်လာတယ်။ နှစ်ဖက်ပစ်ခတ်မှုတော့ မဖြစ်ဘူး။ ပလမြို့ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်တာတော့ရှိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်တွေဟာ ပလမြို့ရဲ့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ဆားဖိုဆိပ်ကမ်းနဲ့ ရွှေမော်သိမ်စေတီဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ နှစ်ဖက်တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီး ပလမြို့က စာသင်ကျောင်းတွေ ချက်ချင်းပိတ်လိုက်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013