DVB Logo
Home
နိုင်ငံတကာ
Jet Airways တည်ထောင်သူ နာရက်ရှ်ဂိုယာကို အိန္ဒိယဖမ်းဆီး
DVB
·
September 2, 2023
Jet Airways တည်ထောင်သူ နာရက်ရှ်ဂိုယာကို အိန္ဒိယဖမ်းဆီး
Donate to DVB

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးရာဇ၀တ်မှု တိုက်ဖျက်ရေးအေဂျင်စီဟာ အကြီးဆုံးပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်တဲ့ Jet Airways တည်ထောင်သူ နာရက်ရှ် ဂိုယာကို စက်တင်ဘာ ၁ ရက် မှာ ဖမ်းဆီးလိုက်ကြောင်း တရားဥပဒေစိုးမိုးရေးညွှန်ကြားမှုဦးစီးဌာန (ED) မှ သတင်းရင်းမြစ်တခုက ပြောကြားခဲ့ပြီး ဒီအမှုဟာ ကနားရာဘဏ်နဲ့ ချိတ်ဆက်နေတဲ့ အိန္ဒိယ ရူပီးငွေ ၅ ဒသမ ၃၈ ဘီလီယံ ငွေကြေးခဝါချမှုနဲ့ ဆက်စပ်နေတယ်လို့ ပြည်တွင်းမီဒီယာတွေက ပြောပါတယ်။ 

မွမ်ဘိုင်းမြို့ရှိ တရားဥပဒေစိုးမိုးရေး ညွှန်ကြားမှုဦးစီးဌာန (ED) ရုံးခန်းမှာ ကာလရှည်ကြာ မေးမြန်းခဲ့ အပြီး ဂိုယာကို ငွေကြေးခဝါချမှု တားဆီးကာကွယ်ရေးအက်ဥပဒေ (PMLA) နဲ့ ဖမ်းဆီး ထိန်းသိမ်း ထား ကြောင်း ပြည်တွင်းမီဒီယာ ဖော်ပြချက်တွေအရ သိရပါတယ်။ 

Jet Airways နဲ့ ED တို့ကို မှတ်ချက်ပေးဖို့ ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။ 

Jet Airways ဟာ ၂၀၁၉ ခုနှစ် ဧပြီလမှာ ငွေကြေးကုန်ခန်းသွားပြီး ဒေဝါလီခံဖို့ တင်ပြခဲ့ပြီး ပိုင်ရှင် အသစ်တွေအောက်မှာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်မှာ လုပ်ငန်းတွေကို ပြန်လည်စတင်နိုင်မယ်လို့ ယူဆထားပါတယ်။ 

ဒါပေမယ့်လည်း လေကြောင်းလိုင်းကို ဒေဝါလီခံခြင်းမှ ဖယ်ရှားမယ့် ဆုံးဖြတ်ချက်အပေါ် မြီရှင်တွေကြောင့် ပိတ်ဆို့နေတာဖြစ်ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013