
အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင် ၆ ခုမှာ အကျဉ်းသားတွေရဲ့ ဓားစာခံဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ အကျဉ်းထောင် အရာရှိတွေနဲ့ ရဲအရာရှိတွေ အယောက် ၆၀ နီးပါးကို ပြန်လွတ်မြောက်လာပြီး ဘေးလွတ်ရာကို ခေါ်ဆောင်သွားခဲ့တယ်လို့ SNAI အကျဉ်းထောင်အေဂျင်စီက စက်တင်ဘာ ၁ ရက် မှာ ပြောကြားခဲ့ပြီး နိုင်ငံရဲ့ အကျဉ်းထောင်စနစ်ကို ပြန်လည်ထိန်းသိမ်းရေး လုပ်ဆောင်ခဲ့ပါတယ်။
ပြန်လွတ်မြောက်လာတဲ့ အကျဉ်းထောင်အရာရှိ ၅၀ ယောက်နဲ့ ရဲအရာရှိ ၇ ဦးတို့ကို သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး သူတို့အားလုံး အခြေအနေကောင်း တယ်လို့ SNAI က ပြောပါတယ်။
သီးခြားအနေနဲ့ မြို့တော်ရှိ ကားဗုံးပေါက်ကွဲမှု ၂ ခုဟာ သြဂုတ် ၃၁ ရက်က SNAI အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ ညတွင်းချင်း တိုက်ခိုက်ခဲ့မှုတွေဟာ အခုသီတင်းပတ်အတွင်း အကျဉ်းထောင်တွေမှာ အစိုးရလုံခြုံရေး ဆောင်ရွက်ချက်တွေကို တုံ့ပြန်ခဲ့တဲ့လုပ်ရပ်တွေဖြစ်ကြောင်း သမ္မတ ဂီလာမို လက်ဆို နဲ့ လုံခြုံရေး ထိပ်တန်းအရာရှိတဦးတို့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လက လူထုစုဝေးပွဲကနေ ထွက်လာခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သတင်းထောက် တဦးဖြစ်တဲ့ သမ္မတလောင်း ဖှာနန်ဒို ဗီလာ ဗင်ဆန်စီယို လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ရတဲ့ ရွေးကောက်ပွဲကာလကြားမှာပဲ ထောင်တွင်းအဖြစ်အပျက်တွေလည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါ တယ်။
Source/Photo-Reuters











