DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ် အလောင်းတွေ့
DVB
·
September 2, 2023
စစ်တွေတွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေးငယ် အလောင်းတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပွိုင့်ကမ်းခြေနားမှာ မွေးကင်းစကလေးငယ်တယောက် အသေစွန့်ပစ်ခံထားရတာတွေ့ရတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

"ဘယ်အချိန်ကတည်းက စွန့်ပစ်ထားတာတော့ မသိဘူး။ ကလေးအလောင်းက ပျက်စီးစပြုနေပြီ။ မျက်မြင်ပြည်သူတွေ အကြောင်းကြားလာတာလေ။ ဘယ်ကလဲ ဘယ်သူ့သားသမီးလဲ မသိရသေးဘူးဗျ"လို့ ပြောပါတယ်။

မွေးကင်းစယောက်ျားလေးဟာ စစ်တွေပွိုင့်ကမ်းခြေအနောက်ဘက်က ဘာဆာရွာ သွားလမ်း ကမ်းခြေဘက်မှာ အဝတ်ဗလာနဲ့ စွန့်ပစ်ခံထားရတာဖြစ်ပြီး အလောင်းကို စက်တင်ဘာ ၁ ရက် မနက်ပိုင်းက တွေ့ရှိခဲ့ကြတာပါ။

စစ်တွေမြိုခံတယောက်က "ဒါက ရာဇဝတ်မှု မြောက်တယ်လေ။ အမှုမှန်ကို ဖော်ထုတ်ရမှာက တာဝန်ရှိတာက ပြည်သူ့ရဲလေ။ သူတို့က ငွေမရမယ့်အလုပ်တွေဆို စိတ်မှမဝင်စားကြတာ။ ဘယ်လိုလုပ်ပြီး တရားခံတွေ ဖော်ထုတ်နိုင်မလဲ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့ကလည်း စစ်တွေမြို့၊ မင်းဂံရပ်ကွက်အကွက် ၄ နဲ့ ၅ ကြားက မြက်ခင်းပြင်မှာ စွန့်ပစ်ထားတဲ့ မွေးကင်းစ မိန်းကလေးငယ်တယောက်ကို အသက်ရှင်လျက် တွေ့ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013