DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ကချင်၊ စစ်ကိုင်းနှင့် မြန်မာပြည်အရှေ့တောင်ပိုင်း၌ လူ ၅၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ
DVB
·
September 2, 2023
တိုက်ပွဲကြောင့် ကချင်၊ စစ်ကိုင်းနှင့် မြန်မာပြည်အရှေ့တောင်ပိုင်း၌ လူ ၅၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ
Donate to DVB

ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့မှာ လူပေါင်း ၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီး အများအပြားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ထပ်မံဖြစ်ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ပဋိပက္ခဒဏ်သင့်တဲ့ ဒေသခံတွေရဲ့ ရွှေ့ပြောင်းသွားလာရတာတွေဟာ အတည်တကျရှိမနေသလို တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းကစတင်ခဲ့တဲ့ မုတ်သုံမိုးကြီးမှုနဲ့ ရေကြီးရေလျှံတာတွေကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ လူပေါင်း ၈၀၀၀၀ လောက် ဘေးလွတ်ရာနေရာတွေဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့ UNOCHA မြန်မာက ထုတ်ပြန်တဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ လယ်ဧက ၅ သောင်းကျော် ရေနစ်မြုပ်ခဲ့တာကြောင့် အရင်ကတည်းက ခက်ခဲနေတဲ့ စားနပ် ရိက္ခာဖူလုံရေး အခြေအနေကို ပိုထိခိုက်စေပြီးတော့ ထပ်ဆင့်ပေါ်ပေါက်လာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို တုံ့ပြန်ဖို့ အဖွဲ့အစည်းတွေဟာ စောင့်ကြည့်တုံ့ပြန် ကူညီပေးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းယိုယွင်းနေခဲ့တာပါ။

ဒါပေမဲ့ စစ်အုပ်စုက အရေးပေါ်ကာလ သက်တမ်းထပ်တိုးလိုက်ပြီး ဒီအခြေအနေအပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေက ပြင်းထန်စွာ စိုးရိမ်ပူပန်မိတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။

စစ်အုပ်စုက အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ရွေးကောက်ပွဲတွေ ကြန့်ကြာနေနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုဆီ အမြန်ဆုံး ပြန်လည် ရောက်ရှိလာစေဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013