DVB Logo
Home
နိုင်ငံတကာ
တေလာဆွစ်ဖ်၏ The Eras ဖျော်ဖြေပွဲအကြောင်း ရုပ်ရှင် အမေရိကန်၌ ပြသမည်
DVB
·
September 1, 2023
တေလာဆွစ်ဖ်၏ The Eras ဖျော်ဖြေပွဲအကြောင်း ရုပ်ရှင် အမေရိကန်၌ ပြသမည်
Donate to DVB

စံချိန်များစွာ ချိုးဖျက်နိုင်ခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ Eras ကမ္ဘာလှည့်ဖျော်ဖြေပွဲအကြောင်းကို ဖျော်ဖြေပွဲရုပ်ရှင်အနေနဲ့ အမေရိကန်က ရုပ်ရှင်ရုံတွေမှာ အောက်တိုဘာလမှာ စတင်ပြသမှာ ဖြစ်ပါတယ်။

တေလာဆွစ်ဖ်က “The Eras ဖျော်ဖြေပွဲဟာ အရမ်းကို အဓိပ္ပာယ်ရှိခဲ့တယ်။ အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်။ ဒီဖျော်ဖြေပွဲကို ရုပ်ရှင်တွေမှာ ပြသတော့မယ့်အကြောင်းကို ပရိသတ်တွေကို ပြောပြရတာ အတော်ပျော်ပါတယ်” လို့ ပြောပါတယ်။

မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ဒီဖျော်ဖြေပွဲရုပ်ရှင်ကို အောက်တိုဘာ ၁၃ ရက်ကစ ကြည့်ရှုနိုင်မှာဖြစ်ပြီး The Eras ဖျော်ဖြေပွဲကိုတော့ အမေရိကန်မှာ ကျင်းပစဉ် ပရိသတ် ၃ သန်းကျော်လောက် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

အမေရိကန်ရဲ့ နေရာအများစုက ဖျော်ဖြေပွဲရက်တွေဟာ လက်မှတ်တွေ အကုန်လုံး ရောင်းထွက်ခဲ့ပါတယ်။

The Eras ဖျော်ဖြေပွဲဟာ အမေရိကန်မှာ မတ်လတည်းက စတင်ခဲ့တာဖြစ်ပြီး ဩဂုတ်လ အစပိုင်းမှာတော့ အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်းကို ဦးတည်ခဲ့ပြီး နိုဝင်ဘာလမှာဝောာ့ ဘရာဇီးမှာ ဖျော်ဖြေပွဲကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

အဆိုတော်ဟာ ခရီးစဉ်ကို ခနရပ်နားပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်နိုင်ငံမှာ ရှိုးပွဲတွေကို ပြန်လည်စတင်မှာဖြစ်ပြီး ဩစတြေးလျ၊ စင်ကာပူတွေ အပါအဝင် ၂၀၂၄ မေလမှာတော့ ပဲရစ်မှာ ဖျော်ဖြေမှာဖြစ်ပါတယ်။

AMC ရုပ်ရှင်ရုံတွေဟာ လက်မှတ်ရောင်းချမှုအတွက် နေရာဝင်ဆန့်မှုကို တိုးမြှင့်ထားကာ ရုပ်ရှင်ကို အကောင်းဆုံး ကြိုးစားအားထုတ်မယ်လို့လည်း ကတိပြုထားပြီး လူကြီးတဦးအတွက် လက်မှတ်ခဟာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

Source-Sky News

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013