DVB Logo
Home
မြန်မာသတင်း
လှိုင်းဘွဲတွင် BGF နှင့် တာဝန်ရှိသူများက လောင်းကစားဝိုင်းများ လချီပြုလုပ်နေ
DVB
·
August 31, 2023
လှိုင်းဘွဲတွင် BGF နှင့် တာဝန်ရှိသူများက လောင်းကစားဝိုင်းများ လချီပြုလုပ်နေ
1 / 2
Donate to DVB

လှိုင်းဘွဲမြို့နယ်အတွင်းမှာ နယ်မြေခံနယ်ခြားစောင့် (BGF) တပ်ဖွဲ့တွေနဲ့ ကျေးရွာတာဝန်ရှိသူတွေပူးပေါင်းပြီး ကျေးရွာရန်ပုံငွေရရှိရေး လောင်းကစားဝိုင်းတွေကို စီးပွားရေးတခုလို လနဲ့ချီ ခွင့်ပြုလုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လကစပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ လှိုင်းဘွဲမြို့နယ်၊ ကျုံပကိုကျေးရွာမှာ နယ်မြေခံနယ်ခြားစောင့်တပ် (BGF) ဖွဲ့တွေ၊ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံဆရာတော်တွေ ဦးဆောင်ပြီး ကျေးရွာရန်ပုံငွေရရှိရေး လောင်းကစားဝိုင်း ပြုလုပ်နေတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း ရိုးရာအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ လမ်းတံတားဖွင့်ပွဲတွေနဲ့ ကျေးရွာရန်ပုံငွေပွဲတွေကို ငွေကြေးရယူပြီး စီးပွားရေးတခုလို လုပ်ကိုင်နေတာပါ။

ဒေသခံတဦးက "လောင်းကစားဝိုင်းတွေကြောင့် ပစ္စည်းပျောက်ဆုံးတာတွေအပြင် မူးယစ်ဆေးသုံးစွဲသူ ပိုများပြားလာတယ်။ ရွာသားတွေက လောင်းကစားဝိုင်းတွေလုပ်တာ ဘယ်သူမှ မပြောရဲဘူး” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ရဲ့ မြိုတော် ဘားအံမြို့အနီးအနားအပြင် ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေတည်ငြိမ်မှုကို လူစည်ကားအောင် ပြသလိုတာကြောင့်လို့ ကရင်အရပ်ဘက် အဖွဲ့စည်းတွေက ဆိုပါတယ်။

ကရင်လက်နက်ကိုင်တွေက ပေးထားတဲ့ ကတိကဝတ်တွေအတိုင်း လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါးတွေ ပပျောက်အောင် ထိထိရောက်ရောက် အရေးယူပေးဖို့လိုတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့က KNU တပ်မဟာ ၇ နယ်မြေ ကော့ကရိတ်မြို့နယ် သယုကျိုးကျေးရွာမှာ ဒုတိယအကြိမ် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံးညီညွတ်ရေးကော်မတီနဲ့ လူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲအတွင်း လောင်းကစား၊ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတာတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီက ပြောဆိုခဲ့ပါတယ်။

BGF က ၁၀ နှစ်မက လုပ်ကိုင်နေတာဖြစ်ပြီး လောင်းကစားဝိုင်းပပျောက်ဖို့က စစ်ကောင်စီပြုတ်မှသာဖြစ်မယ်လို့ KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

ဒါအပြင် တပ်မဟာ ၇ နယ်မြေထဲက မြဝတီမြို့ရဲ့မြောက်ဘက် ဆယ်မိုင်ခန့်အကွာမှာ နယ်ခြားစောင့်တပ် (BGF) နဲ့ တရုတ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေတဲ့ ရွှေကုက္ကိုင် အိမ်ရာစီမံကိန်း၊ ကာစီနိုရုံနဲ့ ငွေကြေးဝန် ဆောင်မှုလုပ်ငန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။

အဲဒီစီမံကိန်းတွေမှာ KNU ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်နေတဲ့အပေါ် အရေးယူဖြေရှင်းပေးဖို့ KNU တပ်မဟာ ၅ နဲ့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013