DVB Logo
Home
မြန်မာသတင်း
ထန်တလန်တွင် တိုက်ပွဲများပြင်းထန် ဆက်လက်ဖြစ်ပွား
DVB
·
August 31, 2023
ထန်တလန်တွင် တိုက်ပွဲများပြင်းထန် ဆက်လက်ဖြစ်ပွား
Donate to DVB

ချင်းပြည်နယ် ထန်တလန်မြို့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဩဂုတ်လ ၂၇ နဲ့ ဩဂုတ်လ ၂၈ ရက်တို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ယခုအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် CNA ထံမှ သိရပါတယ်။

ထန်တလန်မြို့တွင်း စစ်ကောင်တပ်ကုန်း၊ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားသောအနီးဝန်းကျင် စခန်း၅ ခု၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားရှိ တာဝါတိုင်စခန်းတို့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၅ ဦးကျဆုံးခဲ့ပါတယ်။

CNA ပြောခွင့်ရ ဆလိုင်းထက်နီက  “ဩဂုတ်လ ၂၇ ရက်နေ့မနက် ၅ နာရီ ကစပြီး တိုက်ပွဲဆက်တိုက်ပြင်းထန်ခဲ့တာ နှစ်ဘက်ထိခိုက်မှုလည်းများခဲ့တယ်။ တိုက်ပွဲကတော့ ခဏငြိမ်နေတဲ့သဘောပါပဲ။ အချိန်မရွေးပြန်ဖြစ်နိုင်တယ်။ ခဏစောင့်ကြည့်နေတဲ့ သဘောပါပဲ” လို့ ပြောပါတယ်။

ထန်တလန်မြို့မှာ စစ်ကောင်စီရဲ့ ခလရ- ၂၆၉ တပ်ရင်းအပါအဝင် တပ်ရင်း ၅ ခုရဲ့ စစ်ကောင်စီ အင်အား ၁၅၀ လောက်နဲ့ ချင်းပြည်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ ၂ နှစ်ကြာ ထန်တလန်မြို့ရဲ့ တစ်နေရာစီမှာ တပ်စွဲထားတာဖြစ်ပါတယ်။

ပြီးခဲ့တယ့် ၂ ရက်ကြာတိုက်ပွဲမှာ CDF- ထန်တလန်မှ တပ်ဖွဲ့ဝင် ၄ ဦး၊ ချင်းအမျိုးသားတပ်မတော် CNA မှ တပ်ဖွဲ့ဝင် ၅ ဦး၊ CDF ဟားခါး တပ်ဖွဲ့ဝင် ၁ ဦး၊ CDF ဇိုဖေမှ တပ်ဖွဲ့ဝင် ၅ ဦးတို့ ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ CDF ထန်တလန်မှ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013