DVB Logo
Home
မြန်မာသတင်း
ခွင့်ပြုချက်မရှိဘဲ လက်နက်မကိုင်ဆောင်ရန် CDF-Thantlang သတိပေး
DVB
·
August 12, 2026
Photo : CDF-Thantlang
Photo : CDF-Thantlang
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ရေးသုံးလက်နက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲ သီးသန့်သိမ်းဆည်းတာ၊ သယ်ယူတာနဲ့ ရောင်းချတာတွေ မလုပ်ကြဖို့ Chinland Defense Force -Thantlang (CDF-Thantlang) နဲ့ ထန်တလန်ကောင်စီ တို့က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကျေးရွာတွေ ငြိမ်းချမ်းရေးအတွက် ဆိုပြီး ဩဂုတ် ၁၀ ရက် ရက်စွဲနဲ့ အသိပေးကြေညာချက် ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်ထဲမှာတော့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းမဆို၊ ဘယ်သူမဆို အဖွဲ့အစည်းက ထုတ်ပေးထားတဲ့ အမိန့် ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ လက်နက်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် သိမ်းဆည်းတာ၊ သယ်ယူတာ၊ ထုတ်လုပ်တာနဲ့ ရောင်းချတာတွေကို လုံးဝ ခွင့်မပြုဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သစ်တောတွေထဲမှာဖြစ်ဖြစ်၊ ကျေးရွာကြားမှာဖြစ်ဖြစ် ပျောက်ဆုံးကျန်ရှိနေတဲ့ လက်နက်၊ ဒရုန်း၊ သေနတ်၊ ဗုံးနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရှိရင် တာဝန်ရှိသူတွေထံ အမြန်ဆုံး အကြောင်းကြားရမှာဖြစ်ပြီး မိမိကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုရဘူးလို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို ပြည်သူလူထုအနေနဲ့ လုံးဝ လိုက်နာရမှာဖြစ်ပြီး မလိုက်နာရင် သတ်မှတ်ထားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ CDF-Thantlang က သတိပေးထားပါတယ်။

Photo : CDF-Thantlang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013