DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် စေတနာ့ဝန်ထမ်းဆရာ ဆရာမများအတွက် ဆရာအတတ်သင် သင်တန်းဖွင့်လှစ်
DVB
·
August 31, 2023
ဖရူဆိုတွင် စေတနာ့ဝန်ထမ်းဆရာ ဆရာမများအတွက် ဆရာအတတ်သင် သင်တန်းဖွင့်လှစ်
1 / 4
Donate to DVB

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့မှာ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂနဲ့ ဖရူဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့တို့ ပူးပေါင်းပြီး ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှာ စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေ အတွက် ဆရာအတတ်သင် သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။

ဆရာအတတ်သင်သင်တန်းကို ဩဂုတ် ၈ ရက်မှ ၂၆ ရက်အထိ ၃ ပတ်တာ ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂက ဩဂုတ်လ ၂၉ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

သင်တန်းကို အဆင့်မြင့်ပညာ CDM ဆရာ၊ဆရာမတွေ အပါအဝင် နည်းပြတွေက သင်ကြားပေးပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာသိပ္ပံ၊ စိတ်ပညာ၊ ပညာရေးသဘောတရား စတဲ့ ဘာသာရပ် ၆ ခုသင်ကြားပေးပါတယ်။

အဆိုပါဆရာအတတ်သင် သင်တန်းကို ဖရူဆိုမြို့နယ်ထဲက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၆၃ ဦးတက် ရောက်ခဲ့ပါတယ်။

သင်တန်းမှူးဆရာမက “ပညာရေးမှာ CDM တွေက အင်အားနည်းတဲ့အတွက် Volunteer ဆရာ၊ ဆရာမတွေအရမ်းလိုအပ်တယ်။ volunteer တွေ သင်ကြားရေးစနစ်တကျ ထိထိရောက်ရောက် သင်ကြားနိုင်ဖို့ အခုလိုသင်တန်းတွေပေးဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

ကယားပြည်နယ်လုံးဆိုင်ရာ CDM ဆရာများ သမဂ္ဂကဦးဆောင်ပြီး ကရင်နီပြည်နယ်ထဲက မြို့နယ် ၆ မြို့နယ်မှာ မြို့နယ်ပညာရေး ဘုတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆရာအတတ်သင် သင်တန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013