DVB Logo
Home
အားကစား
ကမ္ဘာ့အဆင့် ၅၀ အတွင်းဝင်သည့် ပထမဆုံး မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ
DVB
·
August 31, 2023
ကမ္ဘာ့အဆင့် ၅၀ အတွင်းဝင်သည့် ပထမဆုံး မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ
Donate to DVB

မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာဟာ ကမ္ဘာ့ကြက်တောင်အဖွဲ့ (BWF) ရဲ့ သြဂုတ် ၂၉ ရက် ထုတ်ပြန်ချက်အရ ကြက်တောင် အမျိုးသမီးတဦးချင်း ကမ္ဘာ့​အဆင့် ၄၈ ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ သြဂုတ် ၂၁ ရက်ကနေ ၂၇ ရက်အထိ ယှဥ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၆၁ မှ ၄၈ အထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ၄၈ အထိ ရောက်ရှိလာတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၅၀ အတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး မြန်မာ့ကြက်တောင်ကစားသမား ဖြစ်ခဲ့ပါတယ်။

သက်ထားသူဇာက ၂၀၂၄ ပဲရစ်အိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက် တခြား ကြက်တောင်ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဥ်ပြိုင်ပြီး လိုအပ်တဲ့အမှတ်တွေကို စုဆောင်းနေတယ်လို့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ၂၀၂၃ ခုနှစ်အတွင်း တဦးချင်း အမျိုးသမီးပြိုင်ပွဲ ၁၄ ခု ဝင်ရောက်ယှဥ်ပြိုင်ထားပြီး မောရစ်သျှ ကြက်တောင်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

သက်ထားသူဇာဟာ စက်တင်ဘာ ၅ ရက်ကနေ ၁၀ ရက်အထိ ကျင်းပမယ့် ၂၀၂၃ အင်ဒိုနီးရှား မာစတာ ကြက်တောင်ပြိုင်ပွဲကို ၃၂သင်းအဆင့်ကနေ ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Photo - Thet Htar Thuzar Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013