DVB Logo
Home
နိုင်ငံတကာ
နေအိမ်တွင်ဖမ်းဆီးခံထားရဟု ဂါဘွန်သမ္မတပြော၊ စစ်အာဏာသိမ်းမှုကို ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ
DVB
·
August 31, 2023
Donate to DVB

စစ်တပ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဂါဘွန်နိုင်ငံမှာ သမ္မတအလီဘွန်ဂိုဟာ သူ့နေအိမ်မှာပဲ ရှိနေပြီး အဖမ်းခံထားရတယ်လို့ ပြောကြားလိုက်ပါတယ်။

သမ္မတ အလီဘွန်ဂိုဟာ သြဂုတ် ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ နိုင်ငံကို စစ်တပ်က အာဏာသိမ်းတာနဲ့ပတ်သက်ပြီး လူအများကြားသိအောင်လုပ်ဖို့ ထောက်ခံသူတွေကို တောင်းဆိုခဲ့ပါတယ်။

“သူဟာ ဂါဘွန် သမ္မတ အလီဘွန်ဂို အွန်ဒင်မ်ဘာဖြစ်ကြောင်း၊ သူအဖမ်းခံထားရတာကို ကမ္ဘာတဝန်းရှိမိတ်ဆွေတွေ သိရှိအောင် သတင်းစကားပေးပို့ချင်ကြောင်း၊ သူကတော့ နေအိမ်မှာပဲရှိနေပြီး သူ့ဇနီးက တနေရာ၊ သူ့သားက တနေရာမှာ ရှိနေကြကြောင်း၊ အခုလောလောဆယ်တော့ ဘာမှမဖြစ်ပွားသေးကြောင်း၊ သူ့အခြေအနေကို အများသိအောင် လုပ်ပေးပါလို့ တောင်းဆိုကြောင်း”  သမ္မတ အလီဘွန်ဂိုကပြောပါတယ်။ 

ရိုက်တာသတင်းဌာနကတော့ ဗီဒီယိုကို ရိုက်ကူးထားတဲ့ တည်နေရာနဲ့ ရက်စွဲတို့ကို အတည်မပြုနိုင်ပါဘူး။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ ဂါဘွန်နိုင်ငံမှာ အာဏာသိမ်းတဲ့ ကြိုးပမ်းမှုအပေါ် သြဂုတ် ၃၀ ရက်မှာ ရှုတ်ချခဲ့ပြီး ပါဝင်ပတ်သက်သူ အားလုံးကို ထိန်းထိန်းသိမ်းသိမ်းကျင့်သုံးလုပ်ဆောင်ကြဖို့တိုက်တွန်းပါတယ်။

ဒါ့အပြင်အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ကြဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာကြဖို့ တောင်းဆိုထားကြောင်းလည်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ပြောပါတယ်။

သမ္မတနဲ့ သူ့မိသားစုရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကို အာမခံဖို့ အမျိုးသားစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။

ဗဟိုအာဖရိကဒေသက ရေနံထွက်ရာ ဂါဘွန်နိုင်ငံမှာ သမ္မတဘွန်ဂိုဟာ တတိယအကြိမ်မြောက် ရွေးကောက်ပွဲအနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီး မိနစ်ပိုင်းအကြာမှာပဲ စစ်ဘက်အရာရှိတွေက အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စနေနေ့က အငြင်းပွားစရာ ရွေးကောက်ပွဲအပြီးမှာ သမ္မတဘွန်ဂိုရဲ့ အောင်ပွဲ အပါအဝင် ရလဒ်တွေ ပျက်ပြယ်သွားပြီလို့လည်း စစ်တပ်အရာရှိတွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013