DVB Logo
Home
အားကစား
ဂရင်းဝုဒ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် တူရကီကလပ် ဘက်ဆစ်တက်စ် စီစဉ်
DVB
·
August 31, 2023
Donate to DVB

တူရီကလပ် ဘက်ဆစ်တပ်စ်အသင်းဟာ မန်ယူအသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂရင်းဝုဒ်ကို အငှားစာချုပ် နဲ့ခေါ်ယူဖို့ စီစဉ်နေပါတယ်။

မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားတော့မှာမဟုတ်ပေမဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ် ကျန်ရှိနေသေးပြီး စာချုပ်ဖျက်သိမ်းခြင်းမလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

တူရကီဘက်ဆစ်တက်စ်ဟာ ဂရင်းဝုဒ်ကို ၆ လအငှား စာချုပ်နဲ့ခေါ်ယူဖို့ စီစဉ်နေပြီး အခြေအနေအပေါ် မူတည်ကာ စာချုပ်သက်တမ်းတိုးသွားဖို့ ပြင်ဆင်ထားတာပါ။

ဂရင်းဝုဒ်အနေနဲ့ ဘက်ဆစ်တက်စ်မှာ ခြေစွမ်းပြနိုင်မယ်ဆိုရင် ပရိသတ်တွေဘက်ကလည်း လက်ခံအားပေးလာနိုင်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့အခြေအနေ ဖြစ်လာနိုင်ကြောင်း ဘက်ဆစ်တက်စ် တာဝန်ရှိသူတစ်ဦးက Inews သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ  မှတ်ချက်ပေးထားတာပါ။

ဂရင်းဝုဒ်ကို ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖက်အသင်းကလည်း ခေါ်ယူဖို့ သတင်းထွက်ခဲ့ပေမဲ့ နည်းပြဂျရတ်ကိုယ်တိုင် ငြင်းဆန်ခဲ့ပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013