DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ သစ်ခိုးထုတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
August 30, 2023
ယင်းမာပင်မြို့နယ်၌ သစ်ခိုးထုတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းကနေ ပြည်သူပိုင်သစ်တွေကို ခိုးထုတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရှေ့ပြေးကင်းထောက်အဖွဲ့ ကျေးရွာတွေထဲ ဝင်ရောက်ချိန်မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကာ သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Union Liberation Front (တပ်ပေါင်းစု) ကနေ သိရပါတယ်။

သြဂုတ် ၂၉ ရက် မနက် ၁ဝ နာရီဝန်းကျင်လောက်မှာ ယင်းမာပင်မြို့နယ်ထဲက ပြည်သူပိုင်သစ် ခိုးထုတ်နေတဲ့ တပ်ဖွဲ့က အင်အား ၃၅ ဦးခန့်ပါ စစ်ကောင်စီ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့က ယင်းမာပင်မြို့နယ် အင်းပြားရွာထဲကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတယ်လို့ သတင်းရရှိခဲ့တာကြောင့် သွားရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ Union Liberation Front (တပ်ပေါင်းစု)ပြောရေးဆိုခွင့်ရှိသူ ကိုဂျော်ဒန်က ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာက ၁၅ မိနစ်လောက်ပါပဲ။ သူတို့ဘက်က အင်အား ၃၅ ယောက်လောက် ပါတယ်၊ ၇ ယောက်ထက်မနည်း သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူလည်း ၇ ယောက်လောက် ရှိနိုင်ပါတယ်။”

တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဘက်မှ MA11 အမျိုးအစား သေနတ် တလက်၊ ၅.၅၆ ကျည်အမျိုးအစား ထည့်သွင်းရပြီး ၃၅ တောင့်ဝင် ကျည်ကတ် ၃ ခု၊ စစ်ကောင်စီတပ်ဖွဲ့ ရှေ့တန်းသုံး ကျည်ကာအင်္ကျီ ၃ ထည်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ပိုက်ဆံလက်ကိုင်အိတ် ၁ အိတ်၊ မြန်မာကျပ်ငွေ ၁၃၀,၅၀၀ ကျပ်၊ ထိုင်းဘတ်ငွေ ၅၀ နဲ့ ရွှေထည်ပစ္စည်းတွေကို သိမ်းဆည်းရမိပါတယ်။

တိုက်ခိုက်မှုတွေကို ULF (တပ်ပေါင်းစု) မှ စစ်ကြောင်းမှူး ကိုနိုင်မင်း ဦးဆောင်ပြီး ဒေသမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း၊ Alpha စစ်ကြောင်းနဲ့အတူ B 21 PDF (တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ သေမင်းတမန် LPDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက သြဂုတ် ၂၈ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာက ကွမ်းရွက်ခူးနေတဲ့ အမျိုးသမီးပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013