DVB Logo
Home
နိုင်ငံတကာ
ဂျာမနီ၌ ကော်ပိုရိတ်အခွန် ယူရို ၇ ဘီလီယံ သက်သာခွင့်ပေးမည့်အစီအစဉ် သဘောတူညီမှုရ
DVB
·
August 30, 2023
Donate to DVB

ဂျာမနီနိုင်ငံက အကွဲကွဲအပြားပြား ဖြစ်နေတဲ့ ညွန့်ပေါင်းအဖွဲ့ဟာ သီတင်းပတ်ကြာ အငြင်းပွားမှုတွေကို ဘေးဖယ်ထားပြီး  ကော်ပိုရိတ်အခွန်ကို ယူရို ၇ ဘီလီယံ (အမေရိကန် ဒေါ်လာ ၇ ဘီလီယံခွဲကျော်) အထိ သက်သာခွင့်ပေးမယ့် အစီအစဉ်ကို သြဂုတ် ၂၉ ရက်မှာ သဘောတူခဲ့ပါတယ်။

ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က ဒါဟာ ကျဆင်းလာနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ကြီးကြီးမားမား မြှင့်တင်မှုလို့  ခေါ်တွင်လိုက်ပြီး ဒီအစီအစဉ်ကို လေးနှစ်ကျင့်သုံးဖို့ သဘောတူခဲ့ကြပါတယ်။

"Growth Opportunities Law" လို့ နာမည်ပေးထားတဲ့ ဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့ အစောပိုင်းကကြိုးပမ်းမှုကို Greens ပါတီရဲ့ မိသားစုဝန်ကြီး လီဆာပေါက်စ်က အငြိုးထားခဲ့ပါတယ်။ လီဆာဟာ ကလေးထောက်ပံ့မှု အကျိုးခံစားခွင့် အသစ်အတွက် ယူရိုငွေ ၁၂ ဘီလီယံကို ရှာဖွေခဲ့သူပါ။

ပထမနှစ်မှာ ဖယ်ဒရယ်အစိုးရအတွက် အခွန်ငွေ ယူရို ၂ ဒသမ ၆ ဘီလီယံ၊ ပြည်နယ်တွေအတွက် ယူရို ၂ ဘီလီယံခွဲနဲ့ စည်ပင်သာယာ ဧရိယာတွေအတွက် ယူရို ၁ ဒသမ ၉ ဘီလီယံ အခွန်ကနေ ရတဲ့ငွေတွေ ကျဆင်းသွားမှာကို ဥပဒေမူကြမ်းအရ တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013