DVB Logo
Home
မြန်မာသတင်း
နမ်တိန့်ရွာအနီး စစ်တပ် မိုင်းဆွဲခံရ၊ စစ်ယာဉ်တန်း ပစ်ခတ်မှုကြောင့် မိုးမောက်က ကလေး ၁ ဦး ဒဏ်ရာရ
DVB
·
August 30, 2023
နမ်တိန့်ရွာအနီး စစ်တပ် မိုင်းဆွဲခံရ၊ စစ်ယာဉ်တန်း ပစ်ခတ်မှုကြောင့် မိုးမောက်က ကလေး ၁ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း သြဂုတ် ၂၉ ရက်မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နမ်တိန့်ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA က နမ့်တိန်ကျေးရွာအနီးမှာ မိုင်း ၅ လုံးထက်မနည်းနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်ရှိတယ်။ နမ်တိန့်ရွာအနီးမှာ KIA က မိုင်းဆွဲတိုက်ခိုက်တာ။ စစ်တပ်ဘက်က ၅ ဦးလောက်သေတယ်။ နောက်ပြီး ၁၀ ဦးလောက်လည်း ဒဏ်ရာရသွားတယ်။ အဲ့လိုဖြစ်ပြီးတော့ စစ်တပ်က နမ်တိန့်ဘက် ပြန်ဝင်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့  သြဂုတ် ၂၄ ရက်ညကလည်း ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နန့်ယားကျေးရွာနဲ့ အနီးနားရွာတွေက ခရစ်ယာန် ဓမ္မ ဆရာ ၁ ဦး၊  အထက်တန်းကျောင်းသား ၂ ဦးအပါအဝင်  အမျိုးသား အမျိုးသမီး ၁၄ ဦးတို့ကို လူသားဒိုင်းအဖြစ်  ဖမ်းဆီးသွားခဲ့ပြီး သြဂုတ် ၂၈ ရက် နမ်တိန့်ကျေးရွာအရောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာလည်း သြဂုတ် ၂၉ မနက်က  စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းစဉ် ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်တဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ  မြို့သစ်ကျေးရွာမှ နွမ်လန်းကျေးရွာ သွားရာ လမ်းတလျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်  နေအိမ်အဆောက်အဦတွေ ကျည်ထိမှန်ပြီး စီဟက်ကျေးရွာက ကလေးငယ်တဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

"မနက် ၁ နာရီလောက်က စစ်ယာဉ်တန်း ဖြတ်တယ်။ စစ်ယာဉ်တန်းမဖြတ်ခင် လက်နက်ကြီးတွေနဲ့ အရင် ပစ်သေးတယ်။ အဲ့လို  လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ စစ်ယာဉ်တန်းဖြတ်တာ။ ဘယ်နှစီးလောက်ရှိမလဲတော့ တိတိကျကျ မသိဘူး။ ပစ်ခတ်နေတော့ ကျည်မထိအောင် နေနေရတယ်။ လမ်းမှာလည်း တောက်လျှောက် သေနတ်နဲ့ ပစ်လာတာ အိမ်တွေထိတယ်။ သူတို့ရမ်းသန်းပစ်လို့ နေအိမ်က မှန်တွေကွဲပြီး ကလေးတယောက်လည်း ခြေထောက်မှာ ဒဏ်ရာ ရသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ယာဉ်တန်းက ပစ်ခတ်ခဲ့တဲ့အတွက်  မြို့သစ်ကျေးရွာ နဲ့ နွမ်လန်းကျေးရွာတလျှောက်က နေအိမ် ၁၀ လုံးထက်မနည်း ကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ စီဟက်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း လက်နက်ကြီးကျည် ထိမှန်ကာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဓာတ်ပုံ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခင်ပုံဟောင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013