DVB Logo
Home
မြန်မာသတင်း
ရေးနှင့် ပေါင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်
DVB
·
August 29, 2023
ရေးနှင့် ပေါင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် သံကဒိုက်ကျေးရွာအနီးကို အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁) တပ်ခွဲ (၆) တို့ သြဂုတ် ၂၈ ရက် ညနေ ၄ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းတပ်ခွဲ ၁ ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး၊ ၈ ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး ကျားဖြူစစ်ကြောင်း တပ်ခွဲ ၆ မှ ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်

ဒါ့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - ၁၉ နဲ့ ခလရ - ၆၁ တို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျော်ဟိန်းက ပြောပါတယ်။

စစ်ကောင်စီတပ်ကို မွန်ပြည် တော်လှန်ရေးတပ် (MSRF)၊ ရေးလေတပ် (YAF)၊ ရေးကာကွယ်ရေးတပ် (YDF)၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T-5)၊ ဒေါနစစ်ကြောင်း၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ ရေးကာကွယ်ရေးတပ် (YDF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း- ၁၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့မှ ပူးပေါင်းကာ ဩဂုတ် ၂၈ ရက် မနက် ၁၁ နာရီလောက်က SF-Z ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတာဝန်ရှိသူက ပြောပါတယ်။ 

အခုစစ်ဆင်ရေးကို ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အခြေစိုက် တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး SF - Z ဒရုန်းတစီး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုပြီးနောက်  စစ်ကောင်စီတပ်က ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၈ ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ် စစ်ကောင်စီ ပိန္နတော တပ်စခန်းနဲ့  ဝန်ထမ်းအိမ်ရာအား တပင်ရွှေထီး၊ တပ်ခွဲ (၁) တပ်ရင်း Drone အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ပိန်န္နဲတော စစ်ကောင်စီတပ်စခန်းအား သြဂုတ် ၂၈ ရက် မနက် ၈ နာရီခွဲကျော်လောက်မှာ ဒရုန်း ၂ စင်းအသုံးပြုပြီး ဗုံးသီး ၉ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံကိုအေးမင်းထွန်းက ပြောပါတယ်။

ဒရုန်းနဲ့ ပထမအကြိမ်မှာ ဗုံး ၅ လုံး၊ ထပ်မံပြီး မိနစ်အနည်းငယ်ကြာမှာ ၄ လုံး စုစုပေါင်း ၉ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဩဂုတ် ၂၇ ရက် ညနေ ၅ နာရီလောက်ကလည်း သထုံခရိုင်၊ တပ်မဟာ ၁၊ တပ်ရင်း ၂၊ KNLA/PDF အဖွဲ့၊ ပ.က.ဖ အဖွဲ့၊ S.O.F ပူးပေါင်းအဖွဲ့တွေက ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး ဝန်ထမ်းအိမ်ရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူးကျော်နိုင်ဦး အပါအဝင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး၊ တပ်သား ၁ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ငယ်တွေ၊ ၄၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ကိုအေးမင်းထွန်းက ပြောပါတယ်။

သြဂုတ် ၂၇ ရက် မနက် ၈ နာရီခွဲလောက်ကလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေါက်ရပ် ဘုရားကုန်းမှ စစ်ကောင်စီတပ်က ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရရှိခဲ့သလို ထပ်မံပြီး မနက် ၉ နာရီကျော်ကလည်း ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ စစ်ကောင်စီတပ်က ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂၇  ရက် မွန်းတည် ၁၂ နာရီခွဲလောက်ကလည်း ကျိုက်ထိုဘက်မှ ဝေါဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီးယာဉ်တန်း ၆ စီးကို ဒေါင်းတောင်အနီးမှာ KNU/PDF/LPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၁ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့  ဒေသကာကွယ်ရေးတပ်ဖွဲ့တော်လှန်ရေးပူးပေါင်းအဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီဘက်က လမ်းတလျှောက် ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား ၂ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013