DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါ၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား 
DVB
·
August 28, 2023
ဂန့်ဂေါ၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွား 
1 / 3
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၂၇ ရက် ညနေပိုင်းက စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ တယောက် သေဆုံးကာ လေးယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်အခြေစိုက် ခလရ ၅၀ က မနေ့ညနေပိုင်းမှာ စိုင်းဒူးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့  ရွာထဲကျပြီး တယောက် သေဆုံးကာ နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

သေဆုံးသူကတော့ ကိုကံထွန်း(၄၀နှစ်) ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆၀ အရွယ် ဦးဝင်းမြိုင်(၆၀နှစ်) နဲ့ မဇင်ဇာဝေ(၂၅ နှစ်)တို့ ဖြစ်ပါတယ်။

အလားတူ အဲဒီနေ့မှာပဲ စစ်တပ်လက်နက်ကြီးကြောင့်  ရှုံးရှီကျေးရွာက အမျိုးသား တယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ဒေသခံက “ကျနော်တို့ရွာက လူနာတွေကို ဆေးခန်းလိုက်ပို့ နေရလို့ အမည်တွေကိုတော့ မသိရသေး ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် အနောက်ဂန့်ဂေါဘက်က စွယ်တော်ချောင်မှာ စစ်တပ်က စစ်ကြောင်းထိုးနေတာ ၂ ည ရှိနေပြီး ရှုံးရှီနဲ့ အနောက်ဂန့်ဂေါရွာက ဒေသခံတွေ ဘေးလွတ်ရာတောတောင်နဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

မကွေးတိုင်း မြိုင်မြို့မှာတော့  သြဂုတ် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖက သိရပါတယ်။

မြိုင်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ အထိုင်ချ အနေများတဲ့နေရာတွေကို မနေ့ မနက် ၁၁ နာရီ ခွဲလောက်မှာ မောင်းသူမဲ့ လေယာဥ်ငယ်နဲ့ ဗုံးသီး ၅ လုံး ဖြုတ်ချ  တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ သုတက ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့သလို လမ်းဆုံး လမ်းခွနဲ့ မြို့ဝင်မြို့ထွက်တွေမှာလည်း ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း သြဂုတ် ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့  မြိုင်မြို့နယ် ပကဖက သိရပါတယ်။

ပေါက်မြို့နယ်အရှေ့ဘက်၊ အုန်းတော(မြောက်စု)ရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က ညနေ ၃ နာရီ ၄၀ မိနစ်မှာ ကျွန်းနစ်ကုန်းနဲ့ တမာချောက်ရိုးကြားမှာ တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

“ပူးပေါင်းတပ်ဖွဲ့တွေက ပေါက်မြို့နယ်အရှေ့ပိုင်းမှာ လမ်းပိုင်းဆိုင်ရာ လုံခြုံရေးဆောင်ရွက်နေတာ။ အဲဒီမှာ စစ်ကောင်စီသားတွေနဲ့ တွေ့ပြီး ၁၅ မိနစ်လောက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာ” 

တိုက်ခိုက်မှုအတွင်း စစ်တပ်က သေဆုံးဒဏ်ရာရရှိသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013