DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာအလုပ်သမား ၅၆ ဦး ဘတ်ငွေ ၂ သိန်းကျော် လိမ်လည်ခံရ
DVB
·
August 28, 2023
ထိုင်းရောက် မြန်မာအလုပ်သမား ၅၆ ဦး ဘတ်ငွေ ၂ သိန်းကျော် လိမ်လည်ခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ လရောင်းနယ်မြေမှာရှိတဲ့ မြန်မာလုပ်သား ၅၆ ဦးထံကနေ စာရွက်စာတမ်းကြေး၊ အလုပ်ရှာစမတ်ခ စုစုပေါင်း ထိုင်းဘတ်ငွေ ၂၇၀,၀၀၀ ကျော် ကို မြန်မာပွဲစား နှစ်ယောက်က   ဩဂုတ်လ ၂၅ ရက်ဝန်းကျင်က ပူးပေါင်းလိမ်လည်သွားတယ်လို့ အလုပ်သမားအဖွဲ့ထံက သိရပါတယ်။ 

လိမ်လည်ခံရတဲ့ ဘတ် နှစ်သိန်းကျော်ထဲမှ တဝက်ပြန်လည် ရရှိထားပြီး နောက်တဝက် ပြန်လည်ရရှိဖို့အတွက် ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာပွဲစားတဦးကို ဖမ်းဆီးဖို့ ထိုင်အာဏာပိုင်တွေက စုံစမ်းနေပါတယ်။

MHAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုရဲမင်းက “စာရွက်စာတမ်းတွေ လုပ်ပေးဖို့ ပိုက်ဆံပေးထားပြီး လုပ်မပေးတာကြောင့် ပွဲစားတွေက တိုင်ချင်ရာတိုင်လို့ ပြောလို့ ကျနော်တို့ MHAC မဟာမိတ်အဖွဲ့ကို အကူအညီတောင်းလာတာ၊ ကျနော်တို့က ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်း ချိတ်ဆက်ပြီးလိမ်လည်မှုဖြစ်စဉ် ဖြစ်တဲ့အတွက် တိုင်ချက်ဖွင့်တာတွေ လုပ်ဆောင်တဲ့အခါမှာ လိမ်လည်သွားတဲ့ ပွဲစားတဦးက ယူထားတဲ့ ပိုက်ဆံ တဝက် လာရှင်းပေးတယ်။ နောက်တဦးက ထွက်ပြေးတိမ်းရှောင်နေတယ်၊ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ တဦးကိုလည်း ရဲစခန်းမှာ လိမ်လည်မှုနဲ့ ဖမ်းဆီးထားတယ်။ မြန်မာပွဲစားတွေ အုပ်စုဖွဲ့ပြီး မြန်မာအချင်းချင်း လိမ်လည်တဲ့ သဘောဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်လုပ်သားဦးရေ ၄ သန်း လောက်ရှိနေပြီး အလုပ်သမားတွေအနေနဲ့လည်း ခေတ်အဆက်ဆက် လိမ်လည်ခံရမှုတွေ ကြုံတွေ့ခဲ့ရကာ အလုပ်သမား အများစုဟာ အယုံလွယ်တဲ့ ပြဿနာတွေကြောင်း ဖြစ်ရတာလို့ သိရပါတယ်။ 

MHAC မဟာမိတ်အဖွဲ့တာဝန်ခံ ကိုရဲမင်းက “ထိုင်းမှာက အွန်လိုင်းပေါ်ကနေ ပုံစံမျိုးစုံနဲ့ အယုံသွင်းပြီး စကားပြောကောင်းကောင်းနဲ့ ဆွဲဆောင်ပြီး ဆိုရှယ်ပေါ်ကနေ ကြော်ငြာကြတယ်၊ အဲ့တာတွေကို ယုံကြည်ပြီးတော့ အလုပ်တွေ စမတ်ကြတယ်၊ ပြီးရင် အစုလိုက်အပြုံလိုက် အလိမ်ခံရတယ်၊ အဲ့လိုဖြစ်ပြီဆိုရင် ကျနော်တို့ MHAC လိုမျိုး အလုပ်သမားကူညီရေးအဖွဲ့တွေဆီ ရောက်လာကြတယ်။ ဆိုလိုတာက ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အယုံမလွယ်စေချင်ဘူး။ လက်ရှိမှာ MoU စနစ်နဲ့ ဝင်လာကြတဲ့ အလုပ်သမားတွေတောင် အလုပ်မရကြဘူးဖြစ်နေတာ ဆိုတော့ ထိုင်း ကို လာမယ့် လူသစ်တွေအနေနဲ့လည်း စဉ်းစားပါ၊ အယုံမလွယ်ကြဖို့ ဂရုစိုက်ပါ” လို့ ပြောပါတယ်။

အခုအချိန်မှာ ထိုင်းနိုင်ငံထဲကို တရားဝင်လမ်းကြောင်းရော၊ တရားမဝင်လမ်းကြောင်းတွေကပါ စုပြုံဝင်လာနေကြပြီး တရားဝင်စနစ် MoU နဲ့ လာတဲ့ အလုပ်သမားတွေတောင် လူတိုင်း အလုပ်မရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

လက်ရှိမှာလည်း တရားမဝင်ဖြင့် ရောက်ရှိလာတဲ့ မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတာ သိန်းနဲ့ချီရှိနေတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့တွေက ပြောပါတယ်။ 

ဓာတ်ပုံ - MHAC အဖွဲ့သားများနှင့် မြန်မာလုပ်သားများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013