DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာတွင် လူနာတင်ယာဉ် ၁ စီး မီးလောင်ပျက်စီး၊ လူ ၁ ဦး ဒဏ်ရာရ
DVB
·
August 28, 2023
လှိုင်သာယာတွင် လူနာတင်ယာဉ် ၁ စီး မီးလောင်ပျက်စီး၊ လူ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက်၊ ရန်ကုန်- ပုသိမ်သွားလမ်းမ၊ Denko ဆီဆိုင်အနီးမှာ ဩဂုတ် ၂၈ ရက် မနက်အစောပိုင်းက လူနာတင်ယာဉ်  တစီး မီးလောင်ပျက်စီးပြီး လူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မီးလောင်သွားတဲ့ တိုယိုတာဟိုင်းအေ့ ဂရန်းကာဗင်ဂျီ အမျိုးအစား လူနာတင်ယာဉ်ဟာ အေးချမ်းဖြူစင်မေတ္တာရှင်အသင်းပိုင်ကားဖြစ်ပြီး ဒီမနက် အစောပိုင်းက အာရှတော်ဝင်ဆေးရုံကနေ ဖျာပုံမြို့နယ်ကို ‌လူနာပြန်လည်ပို့ဆောင်ဖို့ ဆေးရုံဆင်းလူနာအမျိုးသား အပါအဝင် လူ ၇ ဦးနဲ့ ထွက်ခွာလာတာ ဖြစ်ပါတယ်။

အေးမြဖြူစင်မေတ္တာရှင် အသင်းဝင်တဦးက “မနက် ၅ နာရီကျော်ကျော်ကလေးမှာ ဖြစ်တာ၊ ဆီဆိုင်အထွက်မှာ အောက်စီဂျင် အသေးအိုးက ကုန်သွားလို့ အကြီးအိုးနဲ့ လဲရင်းဖြစ်တာပါ၊ အသင်းက ၁၉ နှစ်အရွယ် အသင်းသားကတော့ ခြေထောက်မှာ မီးလောင်ဒဏ်ရာ၊ မျက်စိမှာ မီးဟပ်ဒဏ်ရာတွေ ရသွားပါတယ်၊ စံပြဆေးရုံကနေ အိမ်ကို ပြန်ပို့ပေးထားပါတယ်”လို့ ဆိုပါတယ်။

လှိုင်သာယာ Denko အထွက်လမ်းမှာ လူနာအတွက် အောက်ဆီဂျင်အိုး လဲလိုက်ရာမှ အိုးကနေ မီးလောင်မှုဖြစ်ပေါ်ခဲ့တာလို့ သိရပြီး ကားပေါ်ပါ ၇ ဦးအနက် အောက်စီဂျင်အိုးဖွင့်ခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ပရဟိတအသင်းဝင် အမျိုးသားတဦးရဲ့ ခြေထောက်နဲ့ မျက်လုံးတို့မှာ မီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။

မီးလောင်မှုကြောင့် ကားအပါအဝင် ကားပေါ်ပါ စမတ်ဖုန်း ၂ လုံး၊ ငွေသားကျပ် ၁၃ သိန်းနဲ့ လိုင်စင်ကားတစီးလုံး ပျက်စီးသွားပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ကားမီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့ အေးမြဖြူစင် မေတ္တာရှင်အသင်းဟာ ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်အခြေစိုက် အရပ်ဖက်လူမှုကယ်ဆယ်ရေးအသင်းဖြစ်ပြီး အသင်းပိုင်ကား ၄ စီးအနက် လိုင်စင်ရှိကားတစီး မီးလောင်သွားတာကြောင့် ပြန်ဝယ်ဖို့ အခက်အခဲဖြစ်နေပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပြီး မီးလောင်မှုကို လှိုင်သာယာမြို့နယ်မီးသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၂၅ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013