DVB Logo
Home
မြန်မာသတင်း
ဝါတွင်းကာလ ထန်းလျက်ဈေးနှုန်း မြင့်တက်
DVB
·
August 28, 2023
ဝါတွင်းကာလ ထန်းလျက်ဈေးနှုန်း မြင့်တက်
Donate to DVB

ဝါတွင်းကာလ ဝယ်ယူမှုများတာ၊ ကုန်ကြမ်းရှားပါးပြီး အဝင်နည်းတာကြောင့် မြန်မာပြည်တွင်းမှာ ထန်းလျက်ဈေးနှုန်း အမြင့်ဆုံးရောက်ရှိနေတယ်လို့ ထန်းလျက်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

ထန်းလျက်ဈေးနှုန်းဟာ သြဂုတ်အစက အမျိုးအစားပေါ် လိုက်ပြီး ၁ ပိဿာ ကျပ် ၂၉၀၀ ကနေ ၃၆၅၀ အထိသာရှိပေမယ့် သြဂုတ် ၂၈ ဈေးနှုန်းအရ ၁ပိဿာကို ကျပ် ၃၇၀၀ မှ ၄၅၅၀ အထိရှိလာပြီး ၁ ပိဿာကို ကျပ် ၈၀၀ မှ ၉၅၀ အထိမြင့်တက်ခဲ့ပါတယ်။

ကျောက်ပန်းတောင်းရှိ ဆီး၊ ထန်းလျက် ပွဲရုံပိုင်ရှင်တဦးက “ဝါတွင်းကာလမှာ မြန်မာမုန့်တွေ အလုပ်များကြတယ်၊ မြန်မာမုန့်တွေမှာက ထန်းလျက်က မပါမဖြစ် ဆိုတော့ အဝယ်လိုက်တာပေါ့။ နောက်ပြီး ဒီနှစ် ထန်းလျက်ဈေးကွက်ထဲကို အဝင်အရမ်းနည်းတယ်။ မိုခါမုန်တိုင်းမဖြစ်ခင်ကဆို ထန်းလျက်ဈေးက နှစ်ထောင်ကျော်ပဲရှိတာ အခုက ဈေး နှစ်ဆနီးပါး တက်လာလိုက်တာ။ ဈေးကောင်းသလို အဝယ်လည်းကောင်းပါတယ်” လို့ ပြောပါတယ်။

ထန်းတောင်သူတွေ ထန်းတက်ဖို့ အရင်းအနှီးတွေ မြင့်တက်လာတာနဲ့ ရာသီဥတုဒဏ်တွေကြောင့် အခုနှစ်မှာ ကုန်ကြမ်းနည်းပြီး ထန်းလျက်အရနည်းသွားတယ်လို့ ထန်းလျက်ပြုလုပ်သူတဦးက ပြောပါတယ်။

“ထန်းသမားတွေက မြူအိုး၊ ​ကြိုး၊ ရင်းထောင်၊ ရင်းဆွဲ တို့လိုမျိုး ပစ္စည်းဈေးတွေ မြင့်လာလို့ ထန်းတက်ဖို့ အရင်းအနှီးမထုတ်နိုင်ကြတော့ဘူး။ တချို့ကျတော့လည်း ထန်းပင်လည်း ရှိတယ်။ အရင်းအနှီးလည်း ရှိပေမဲ့ ထန်းတက်မယ့်လူမရှိတဲ့ ပြဿနာကရှိတော့ ထန်းလျက် ကုန်ကြမ်းဖြစ်တဲ့ ထန်းရည် အရနည်းလာတယ်။ နောက်ပြီး ရာသီဥတုဒဏ်ကြောင့် ထန်းရည်အထွက်နည်းလာတယ်။ ထန်းလျက်ကျိုရာမှာ အသုံးပြုတဲ့ ထင်းဈေးလည်း တက်လာတယ်။ ထန်းလျက်ဈေး တက်နေပေမယ့် ထန်းသမားတွေကော ထန်းလျက်လုပ်တဲ့သူတွေကော သိပ်ပြီးအဆင်ပြေတယ်မရှိကြပါဘူး” လို့ ပြောပါတယ်။

ထန်းတောင်သူတွေဟာ လုပ်ငန်းအဆင်မပြေတော့တာကြောင့် ထန်းပင်ခုတ် ရောင်းချသူ များပြားလာပါတယ်။

ထန်းလျက်ချက်တဲ့လုပ်ငန်းကို မကွေး၊ ကျောက်ပန်းတောင်း၊ ရေနံချောင်း၊ နတ်မောက်၊ ပုဂံညောင်ဦးနဲ့ အညာမြို့နယ်တချို့မှာ အဓိကထား လုပ်ကိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013