DVB Logo
Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်ရှိ နာမည်ကြီးအမျိုးသားဥယျာဉ်ကို အမျိုးသမီးများလည်ပတ်ခွင့် တာလီဘန် ပိတ်ပင်
DVB
·
August 28, 2023
အာဖဂန်နစ္စတန်ရှိ နာမည်ကြီးအမျိုးသားဥယျာဉ်ကို အမျိုးသမီးများလည်ပတ်ခွင့် တာလီဘန် ပိတ်ပင်
Donate to DVB

အာဖဂန်နစ္စတန်နိုင်ငံ ဘာမီယန်စီရင်စုမှာရှိတဲ့ နာမည်ကျော် ဘန်အီအမီရာ အမျိုးသားဥယျာဉ်ကို အမျိုးသမီးတွေ သွားရောက်လည်ပတ်ခွင့် ပိတ်ပင်ဖို့ တာလီဘန်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို အသုံးပြုမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် မိုဟာမက်ခါလစ်ဒ်ဟာနာဖီက သူ အဲဒီဒေသကို သွားရောက်လည်ပတ်တုန်းက အမျိုးသမီးတွေဟာ မှန်ကန်တဲ့ ဟာဂ်ျကို ဝတ်ဆင်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

မစ္စတာဟာနာဖီဟာ အရာရှိတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ဥ‌ပဒေချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့စွပ်စွဲခဲ့ပြီး “ရှုခင်းတွေ ကြည့်ရှုခံစားတာဟာ အမျိုးသမီးတွေအတွက် မဟုတ်ဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အမေရိကန်တပ်တွေ အာဖဂန်ကနေ ထွက်သွားပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်က ပြန်ရောက်လာခဲ့တဲ့ ဝာာလီဘန်တွေရဲ့တားမြစ်ချက်တွေထဲမှာ  အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ကန့်သတ်ချက်တွေ အမြောက်အမြား ထွက်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက တာလီဘန်တွေ ဦးဆောင်တဲ့အစိုးရဟာ အမျိုးသမီးတွေကို ပန်းခြံတွေ အပါအဝင်၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ အသုံးပြုတာကို တားမြစ်ထားပါတယ်။

မိန်းကလေးတွေကိုလည်း ပညာဆက်လက်သင်ကြားဖို့ တားမြစ်ခံထားရပြီး တက္ကသိုလ်တက်ခွင့်ကိုလည်း ပိတ်ပင်ထားပါတယ်။ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ အခြေခံပညာရေးကို ပိတ်ပင်ထားတဲ့  တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း အာဖဂန် အမျိုးသမီးကျောင်းသူတွေဟာ နိုင်ငံခြားမှာ ပညာသင်ကြားနေတာကို တားမြစ်ခံခဲ့ရပါသေးတယ်။

တာလီဘန်တွေဟာ အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေကို တားမြစ်နေပြီး ဒေသတွင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းထဲက အလုပ်တွေကိုလည်း တားဆီးပိတ်ပင်နေပါတယ်။

လူ့အခွင့်အရေး ခေါင်းဆောင်ကတော့ တာလီဘန်တွေရဲ့ တားမြစ်ချက်တွေကို အပြင်းအထန် ဝေဖန်ခဲ့ပြီး အိမ်တိုင်းဟာ ထောင်တွေ ဖြစ်လာတယ်လို့ ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အမျိုးသမီးအခွင့်အရေးဒါရိုက်တာ ဟီသာဘားက “အမျိုးသမီးတွေရဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ လွတ်လပ်စွာ လှုပ်ရှားမှုတွေကို ခွင့်မပြုဘဲ တားဆီးနေတာဟာ ကျေနပ်စရာမဟုတ်ပါဘူး။ တာလီဘန်တွေဟာ အခုဆို အမျိုးသမီးတွေကို ပန်းခြံတွေ၊ အားကစားတွေနဲ့ အခု  ဘန်အီအမီရာလို ယဉ်ကျေးမှုတွေကတောင် ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်။ အမျိုးသမီးတွေရဲ့ အိမ်တိုင်းမှာရှိတဲ့ နံရံတွေဟာ တဆင့်ချင်း တဆင့်ချင်း နီးကပ်လာပြီး ထောင်လို ဖြစ်လာပါပြီ။"

ဘန်အီအမီရာဥယျာဉ်ဟာ အပြာရောင် ရေကန်တွေကြောင့် နာမည်ကျော်ပြီး ၂၀၀၉ ခုနှစ်မှာ အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး အမျိုးသားဥယျာဉ် ဖြစ်လာခဲ့ကာ နှစ်စဉ် ထောင်ပေါင်းများစွာသော ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။

Source -Sky News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013