DVB Logo
Home
အားကစား
မက်ဆီ၏သားဖြစ်သူ သီယာဂို အင်တာမိုင်ယာမီ ယူ-၁၂ အသင်း၌ ပါဝင်ကစားမည်
DVB
·
August 28, 2023
မက်ဆီ၏သားဖြစ်သူ သီယာဂို အင်တာမိုင်ယာမီ ယူ-၁၂ အသင်း၌ ပါဝင်ကစားမည်
Donate to DVB

မက်ဆီရဲ့အကြီးဆုံးသားဖြစ်သူ သီယာဂိုဟာ အင်တာမိုင်ယာမီ လူငယ် ယူ-၁၂အသင်းမှာ ပါဝင် ကစားတော့မှာဖြစ်ပါတယ်။

မက်ဆီဟာ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်း ဆီပြောင်းရွှေ့ကစားပြီးနောက် သားဖြစ်သူသီယာဂိုဟာလည်း မိုင်ယာမီ ယူ၁၂ အသင်းမှာ ပါဝင် ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

သီယာဂိုအနေနဲ့ မိုင်ယာမီအသင်းရဲ့သတ်မှတ်ချက်တွေနဲ့အညီ စစ်ဆေးပြီးမှ ကစားခွင့်ရခဲ့တာမဟုတ်ပေမဲ့ အသင်းဘက်က ခေါ်ယူလေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။

လာမဲ့ နိုဝင်ဘာ  ၂ ရက်မှာ အသက် ၁၁ နှစ်ပြည့်မဲ့ သီယာဂိုဟာ မက်ဆီရဲ့သားသုံးယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပြီး ဘောလုံးအကယ်ဒမီကို ပထမဆုံးတက်ရောက်တဲ့သူလည်းဖြစ်ပါတယ်။

မက်ဆီမှာ  မက်တီယိုနဲ့ စီယိုဆိုတဲ့ အလတ်နဲ့အငယ်ဆုံးသားနှစ်ယောက်လည်းရှိပါသေးတယ်။ မီဒီယာတွေကတော့ သီယာဂိုအနေနဲ့ ဖခင်ဖြစ်သူရဲ့ခြေရာကို နင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ 

photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013