
လီယွန်နယ်မက်ဆီရဲ့ အသင်းဖော် အင်တာမိုင်ယာမီ တိုက်စစ်မှူး ဘာတေးရာမဲဟာ မကြာသေးခင်က ကစားခဲ့တဲ့ ပွဲစဉ်တခုမှာ ထိတ်လန့်စရာ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
ဇူလိုင် ၂၆ ရက်ညက မွန်ထရီရယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ လေထဲမှာ ခေါင်းချင်းတိုက်မိရာကနေ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဒီထိခိုက်မှုကြောင့် ဘာတေးရာမဲဟာ ကွင်းထဲမှာတင် သတိလစ်သွားခဲ့ပြီး တက်ပြီး လဲကျခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာပြင်းထန်တာကြောင့် ကစားသမားကို လူနာတင်ယာဉ်နဲ့ ကွင်းထဲကနေ ချက်ချင်း သယ်ထုတ်သွားခဲ့ပါတယ်။
ဆေးရုံကိုလည်း အရေးပေါ် ပို့ဆောင်ခဲ့ရတာပါ။ လက်ရှိမှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို ဆေးရုံမှာ ဆက်လက် စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
Photo: Reuters










