DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အထည်ဆိုင်တခုက ဆန် ၁ ပြည် ၁၀၀ ကျပ်ဖြင့်ရောင်းပေး
DVB
·
August 27, 2023
ရန်ကုန်တွင် အထည်ဆိုင်တခုက ဆန် ၁ ပြည် ၁၀၀ ကျပ်ဖြင့်ရောင်းပေး
Donate to DVB

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းကြီး၊ ဘဝမြင့်ဆိုင်ခွဲမှာ Aladdin Men Fashion ဆိုင်က ဒီကနေ့ နေ့လယ် ၁၁ နာရီကစပြီး ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ဆယ်လုံး ၁ ကတ်ကို ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပါတယ်။

ဝယ်ယူသူတွေနဲ့အနေနဲ့ ကြက်ဥ တကတ်နဲ့ ဆန် တပြည် ကြိုက်ရာတမျိုးကို ဝယ်ယူနိုင်တာဖြစ်ပါတယ်။

Aladdin Men Fashion ဆိုင်အရောင်းဝန်ထမ်း အမျိုးသမီးတယောက်က “တိုကင်ပြား ၃၀၀ ကို လက်လှမ်းမှီသလို ဝေငှပြီးသွားပြီ။ အခုလို လူအုပ်ကြီးနဲ့ဆိုတော့ ဆိုင်ဖွင့်ပြီးဝေဖို့က အခက်ခဲတွေရှိပါတယ်။ တိုကင်ပြားရထားတဲ့သူတွေကသာ ညီမတို့ဆိုင်မှာ အချိန်မရွေး လာထုတ်ယူလို့ရပါတယ်" လို့ ပြောပါတယ်။

ဆိုင်ရဲ့တာဝန်ရှိသူတယောက်ကတော့ လူပေါင်း ၂၀၀၀ ကျော်လာရောက်ခဲ့တယ်လို့ ပြောပြီး ကြက်ဥအလုံးရေ ၂ဝဝဝ နဲ့ဆန် ပြည် ၃၅ဝ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ကနေ လာရောက်ဝယ်ယူသူတယောက်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းကလည်း တစ်နေ့တခြား တက်နေတာကြောင့် တစ်နေ့တာ မိသားစုဝမ်းရေးအတွက် ဆန်ဝယ်ရာမှာ အခက်အခဲတွေရှိနေလို့ အခုလိုလာရောက် တန်းစီဝယ်ယူရတာ လို့ ပြောပါတယ်။

"တခါတလေ အလုပ်မရှိတဲ့ရက်တွေဆို မနည်းစားသောက်နေရတယ်။ အခုနောက်ပိုင်း စျေးသွားဝယ်ရင်တောင် တရက်နဲ့တရက်က မမှန်ဘူး။ အခုလို ဆန်တပြည် ၁၀၀ နဲ့ ရောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့။ တိုးရတာကတော့ လူတိုင်းတိုးရတာပဲ။ ဒီတိုင်းစျေးမှာ ဝယ်စားရတာထက်စာရင်တော့ အဆင်ပြေပါတယ်။ နေ့တိုင်းဒီလိုလေး ရောင်းပေးနိုင်ရင်တော့ပိုကောင်းတာပေါ့" လို့ သူကဆက်ပြောပါတယ်။

Aladdin Men Fashion ဆိုင်နဲ့ အလှူရှင်တွေပူးပေါင်းပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၁၇ ရက်နေ့က လူဦးရေ ၄၀၀ အတွက် ရောင်းချပေးခဲ့ပြီး စက်တင်ဘာ ၈ ရက်နေ့မှာ လူဦးရေ ၇၀၀ စာကို ရောင်းချပေးခဲ့လို့ အခု တတိယအကြိမ်အဖြစ် ထပ်မံရောင်းချပေးနေတာပါ။

ပြည်တွင်းဆန်စျေးတည်ငြိမ်စေဖို့နဲ့ ကျဆင်းစေဖို့အတွက် ရန်ကုန်တိုင်းက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ အခုနှစ် သြဂုတ် ၂၅ ရက်နေ့ကစပြီး ဧည့်မထအမျိုးအစား ဆန် ၁ ပြည်ကို ၂၅၀၀ ကျပ်နဲ့ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013