DVB Logo
Home
နိုင်ငံတကာ
ဂါဘွန်နိုင်ငံတွင် အင်တာနက်သုံးခွင့် ပိတ်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
August 27, 2023
ဂါဘွန်နိုင်ငံတွင် အင်တာနက်သုံးခွင့် ပိတ်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်
Donate to DVB

ဂါဘွန်နိုင်ငံအတွင်း အထွေထွေရွေးကောက်ပွဲမှာ မဲပေးမှု အကြီးအကျယ် နှောင့်နှေးခဲ့အပြီး သြဂုတ် ၂၆ ရက်မှာ ဂါဘွန်အစိုးရက အင်တာနက်အသုံးပြုခွင့်ကို ပိတ်ပင်ထားပြီး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ ပါတယ်။

အာဏာကို ၅၆ နှစ်ကြာ ချုပ်ကိုင်ထားတဲ့ မိသားစုဩဇာကို တိုးချဲ့ဖို့ သမ္မတ အလီဘွန်ဂိုရဲ့ ကြိုးပမ်း အားထုတ်မှုကို ဟန့်တားဖို့ မဲပေးရာမှာ အပြစ် ကျူးလွန်တာတွေ ရှိတယ်လို့ အတိုက်အခံတွေက ပြောခဲ့ကြပါတယ်။

ဗဟိုအာဖရိကနိုင်ငံဖြစ်တဲ့ ဂါဘွန်ဟာ သမ္မတ ရွေးကောက်ပွဲ၊ လွှတ်တော်အမတ် ရွေးကောက်ပွဲနဲ့ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲတွေကို ပထမဆုံးအကြိမ် တပြိုင်နက် ကျင်းပနေတာပါ။

ရွေးကောက်ပွဲစနစ် အပြောင်းအလဲတွေကြောင့် ရလဒ်ရဲ့ တရားဝင်မှုကို သံသယပွားနိုင်ပြီး မငြိမ်မသက် ဖြစ်လာမှာ စိုးရိမ်မှုတွေကြားမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

၂၀၀၉ ခုနှစ်မှာ ဖခင် အိုမာကို ဆက်ခံခဲ့တဲ့ အသက် ၆၄ နှစ်အရွယ် သမ္မတ ဘွန်ဂိုဟာ တတိယအကြိမ်မြောက် သက်တမ်းအတွက် စိန်ခေါ်သူ ၁၈ ဦးကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စိန်ခေါ်သူ ၆ ဦးက ပြိုင်ပွဲကို ကျဉ်းမြောင်းစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပူးတွဲ နာမည်စာရင်း တင်သွင်းခဲ့ပါတယ်။

ဂရင်းနစ်စံတော်ချိန် မနက် ၇ နာရီမှာ မဲစပေးဖို့ စီစဉ်ထားပေမယ့် မြို့တော် လီဘရေဗေးလ်မှာရှိတဲ့ မဲရုံငါးရုံထက် မနည်းမှာ မဲဆန္ဒရှင်တွေဟာ မဲရုံဖွင့်ဖို့ နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ရိုက်တာသတင်းထောက် တဦးက ပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013