DVB Logo
Home
နိုင်ငံတကာ
သြစတြေးလျနိုင်ငံတွင်း ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံ
DVB
·
August 27, 2023
သြစတြေးလျနိုင်ငံတွင်း ရဟတ်ယာဉ် ပျက်ကျပြီး အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံ
Donate to DVB

သြစတြေးလျနိုင်ငံမြောက်ပိုင်း ဒါဝင်မြို့မှာ ဩဂုတ် ၂၇ ရက်က စစ်ရေးလေ့ကျင့်နေတုန်း ရဟတ်ယာဉ် ပျက်ကျမှုအတွင်း အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ 

ဩစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနီစ်ကတော့ “ကြေကွဲဖွယ်” ဖြစ်ရပ်လို့ ပြောခဲ့ပါတယ်။

တခြားမရိန်း တပ်သား ၅ ဦးကို တော်ဝင်ဒါဝင်ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်တယ်လို့ မရိန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီသတင်းထုတ်ပြန်ချက်ဟာလည်း ဆိုရှယ်မီဒီယာနဲ့ သြစတြေးလျသတင်းကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

ပုံမှန်လေ့ကျင့်မှုအတွင်း MV-22B အော့စ်ဖရေး ရဟတ်ယာဉ်ပေါ်မှာ မရိန်းတပ်သား ၂၃ ဦးတွင် ပါဝင်ခဲ့ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ဒေသစံတော်ချိန် နံနက် ၉ နာရီမှာ ဝေးလံခေါင်သီတဲ့ တီဝီကျွန်းစုမှာ ရဟတ်ယာဉ် ပျက်ကျခဲ့တာ လို့ မြောက်ပိုင်းနယ်မြေ ရဲမင်းကြီး မိုက်ကယ်မာဖီက ပြောပါတယ်။

Exercise Predators Run 2023 စစ်ရေးလေ့ကျင့်မှု အတွင်း ရဟတ်ယာဉ်ပျက်ကျမှုမှာ သြစတြေးလျ အမှုထမ်းတွေ မပါဝင်ခဲ့ဘူးလို့ ဩစတြေးလျ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013