DVB Logo
Home
နိုင်ငံတကာ
ဘာလင်သွား ရထားပေါ် အဆိပ်သင့်ခဲ့သူ ရုရှားအမျိုးသမီး သတင်းထောက်
DVB
·
August 27, 2023
ဘာလင်သွား ရထားပေါ် အဆိပ်သင့်ခဲ့သူ ရုရှားအမျိုးသမီး သတင်းထောက်
Donate to DVB

သတင်းဖော်ပြမှုအတွက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦး အသတ်ခံရပေမယ့် ရုရှားသတင်းထောက်  အီလီနာ ကိုစတျူချန်ကိုဟာ ဘာလင်မြို့ဆီသွားတဲ့ ရထားပေါ်မှာ အဆိပ်သင့်ခဲ့မယ်လို့ ဘယ်သော အခါကမှ မယူဆခဲ့ဘူးလို့ ဆိုပါတယ်။

“ရုရှားမှာ စုံစမ်းစစ်ဆေးရေး သတင်းထောက်အဖြစ် အလုပ်လုပ်တဲ့အခါ အမြဲသတိထားရတယ်" လို့ သူက ရိုက်တာသတင်းဌာနကို သြဂုတ် ၂၆ ရက်က ပြောခဲ့ပါတယ်။

"ရှင့်မှာ အမြဲလိုက်နာနေတဲ့ လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ဥရောပမှာ ဒီလုံခြုံရေး အစီအမံ အားလုံးကို လုံးလုံးမေ့သွားခဲ့တယ်တာ ကိုယ့်ကိုယ်ကို တွေ့လိုက်ရတယ်"လို့ သူက ပြောပါတယ်။

အခု ပုန်းအောင်းနေထိုင်တဲ့ ကိုစတျူချန်ကိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နေမကောင်း ဖြစ်ချိန်မှာ လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှုရဲ့ သားကောင် ဟုတ်၊ မဟုတ် ဂျာမနီအစိုးရရှေ့နေတွေ က စုံစမ်းစစ်ဆေး နေပါတယ်။ 

ရုရှားအမျိုးသမီး သတင်းထောက်ရဲ့ ရောဂါလက္ခဏာတွေက မြူးနစ်ကနေ ဘာလင်မြို့ကို ရထားစီး တဲ့ခရီးမှာ စိတ်ရှုပ်ထွေးတာ၊ ဗိုက်နာတာတွေနဲ့ စတင်ခဲ့ပြီး ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပါတယ်။

အဆိပ်မိသွားကြောင်း သိလိုက်ချိန်မှာ ဘယ်လို အဆိပ်ဆိုတာ ဖော်ထုတ်ဖို့ နောက်ကျနေပါပြီ။

“ကျွန်မ လက်ချောင်းတွေက ဝက်အူချောင်းနဲ့တူလာတာကြောင့် လက်စွပ်တွေကို ချွတ်ခဲ့ရတယ်” လို့ သူ့လက္ခဏာတွေဖြစ်တဲ့ ရောင်ရမ်းပုံကို ဖော်ပြတဲ့အနေနဲ့ ပြောပြပါတယ်။ 

တလအကြာမှာ သူက မောပန်းနွမ်းနယ် နေသေးပြီး တနေ့ သုံးနာရီသာ အလုပ်လုပ်နိုင်တယ် လို့ ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့  နိုင်ငံရပ်ခြားမှာနေတဲ့ ရန်သူတွေဟာ အရင်က အဆိပ်ခတ်ခံခဲ့ရပြီး လျှို့ဝှက်သူလျှိုဟောင်း ဆာဂီးလ် စခရီပါလ်နဲ့ ဆာဂီးလ် လစ်ဗီညံကို တို့ အသက်ရှင်ကျန်ရစ်ခဲ့ ပါတယ်။

ချေချင်းသူပုန်ဟောင်း တဦး  ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ သေဆုံးတာဟာ ရုရှားအစိုးရရဲ့ လုပ်ကြံ သတ်ဖြတ်မှုကြောင့်လို့ ဂျာမန် တရားရုံး တခုက ပြောခဲ့ပါတယ်။

ရုရှားသမ္မတနန်းတော်ကတော့ ဒီသတ်ဖြတ်မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထား ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013