ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံတန် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ လိမ်လည်မှုကို တိုက်ဖျက်နှိမ်နင်းခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ဇွန် ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။
ဇွန် ၈ ရက်ကစပြီး အာဏာပိုင်တွေက ပြည်နယ်နဲ့ နယ်မြေ ၄၅ ခုမှာ တရားခံ ၄၅၅ ယောက်ကို တရားစွဲဆိုခဲ့တယ်လို့ ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ရှ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီပုဂ္ဂိုလ်တွေက Medicare၊ Medicaid နဲ့ တခြား ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေမှာ မှားယွင်းတင်သွင်းတဲ့ တောင်းဆိုမှု အစီအစဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့ကြတယ်၊ ဒါဟာ ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံကျော်ဖိုးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိမ်လည်မှု ဖြစ်တယ်လို့ ဘလန့်ရှ်က ဆက်ပြောပါတယ်။
လိမ်လည် ငွေတောင်းခံလွှာ ပုံစံတွေကို အချိန်နဲ့တပြေးညီ ဖော်ထုတ်ဖို့နဲ့ မသင့်လျော်တဲ့ ငွေပေးချေမှုတွေ မလုပ်မီ ရပ်ဖို့ “အဆင့်မြင့် ဉာဏ်ရည်တုနဲ့ အချက်အလက် ခွဲခြမ်းစိတ်ဖြာမှုတွေကို အေဂျင်စီတွေက သုံးနေပြီလို့ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာက ပြောကြားခဲ့တယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းတယ်၊ လိမ်လည်မှုမဖြစ်မီ ရပ်တန့်ပါ” လို့ ကနေဒီက ပြောခဲ့ပါတယ်။
Source: Reuters










