DVB Logo
Home
နိုင်ငံတကာ
ဥရောပသမဂ္ဂက ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အက်ဥပဒေပြဋ္ဌာန်း
DVB
·
August 26, 2023
ဥရောပသမဂ္ဂက ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အက်ဥပဒေပြဋ္ဌာန်း
Donate to DVB

ဥရောပသမဂ္ဂရဲ့  ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ အက်ဥပဒေပြဋ္ဌာန်းမှုကြောင့် ကမ္ဘာ့ပေါ်က အကြီးမား ဆုံးသော နည်းပညာ ကုမ္ပဏီပေါင်း တဒါဇင်ကျော်ဟာ မကြုံစဖူး တရားဝင် စိစစ်မှုနဲ့ ကြုံတွေ့ ရနေရပြီလို့ သိရပါတယ်။ 

သြဂုတ် ၂၅ ရက်မှ စတင်ကာ အကြောင်းအရာ ချင့်ချိန်ထိန်းညှိမှု၊ အသုံးပြုတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် နဲ့ ပွင့်လင့်မြင်သာမှုဆိုင်ရာ စည်းမျဉ်းအသစ်တွေကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဥရောပတိုက်မှာ မတ်တာ(Meta) ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်ခ် နဲ့ အင်စတာဂရမ် ပလက်ဖောင်း၊ ဘိုက်ဒန့်စ်(ByteDance) ကုမ္ပဏီရဲ့ တစ်ခ်တော့ခ်၊ အက်ပဲလ် (Apple) ကုမ္ပဏီ ရဲ့ အက်ပ်စတိုး၊ အီလွန်မက်စ်ရဲ့  အိတ်စ် (X) နဲ့ ဂူးဂဲလ်(Google) ကုမ္ပဏီရဲ့  ဝန်ဆောင်မှုအချို့  စတဲ့ အင်တာနက် ကုမ္ပဏီကြီးတွေဟာ တာဝန်ဝတ္တရား အသစ်တွေနဲ့အတူ ရင်ဆိုင်ရတော့မှာပါ။ 

အဲ့ဒီဥပဒေထဲမှာ အန္တရာယ်ရှိနိုင်တဲ့ အကြောင်းအရာပျံ့နှံ့မှုကို ကာကွယ်တားဆီးဖို့၊ အသုံးပြုသူ အပေါ် ပစ်မှတ်ထားတဲ့ နည်းလမ်းအရ ပိတ်ပင်တာ ဒါမှမဟုတ် ကန့်သတ်တာ အပြင် အချို့သော အတွင်းရေး အချက်လက်တွေကို စည်းကြပ်သူတွေနဲ့ သက်ဆိုင်ရာ သုတေသီတွေအတွက် မျှဝေပေးတာမျိုးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

လောလောဆယ်မှာတော့ အကြီးမားဆုံးသော အွန်လိုင်းပလက်ဖောင်း ၁၉ ခုကိုသာ ဒီစည်းမျဉ်း တွေက သက်ရောက်အုံးမှာ ဖြစ်ပါတယ်။ 

ဥရောပတိုက်မှာ ဒီကုမ္ပဏီကြီးတွေရဲ့  အသုံးပြုသူပေါင်း ၄၅ သန်းကျော် ရှိတယ်လို့ လည်း ဖော်ပြ ထားပါတယ်။ 

လာမယ့် ဖေဖော်ဝါရီလလယ်ပိုင်းက စတင်ကာ အက်ဥပဒေအရ အရွယ်အစား မခွဲခြားတော့ ဘဲ တခြား အွန်လိုင်းပလက်ဖောင်း အမျိုးမျိုးကိုပါ စည်းကမ်းတင်းကြပ်တော့မှာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နည်းပညာ စည်းမျဉ်းသတ်မှတ်မှုတွေမှာ ကျယ်ပြန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ကြောင့် ဥရောပသမဂ္ဂကို ဦးဆောင်သူအဖြစ် ရှုမြင်ထား ကြပါတယ်။ 

ဒါ့အပြင် ဒစ်ဂျစ်တယ်ဈေးကွက်များ အက်ဥပေဒနဲ့ အသိဉာဏ်ရည်တု အက်ဥပဒေ တို့ကိုပါ ဆက်လက် ပြဋ္ဌာန်း သွားဖို့ ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013