DVB Logo
Home
နိုင်ငံတကာ
ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်းရန် တောင်ကိုရီးယားသမ္မတ အမိန့်ထုတ်
DVB
·
August 27, 2024
ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု နှိမ်နင်းရန် တောင်ကိုရီးယားသမ္မတ အမိန့်ထုတ်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ အတုအယောင် (Deep fakes) တွေကို အသုံးပြုပြီးတော့ ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို စေ့စေ့စပ်စပ် တုံ့ပြန်လုပ်ဆောင်ဖို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက သြဂုတ်လ ၂၇ ရက်က ကက်ဘိနက်အစည်းအဝေးမှာ အမိန့်ထုတ်ခဲ့ပါတယ်။

သမ္မတ ယွန်းက“မကြာသေးခင်က ကျယ်ပြန့်တဲ့ ပရိသတ်ကို ပစ်မှတ်ထားတဲ့ အတုအယောင် ဗီဒီယိုတွေဟာ ဆိုရှယ်မီဒီယာ ကနေတဆင့် မြန်မြန်ဆန်ဆန် ပျံ့နှံ့လာခဲ့ပြီး ထိခိုက်နစ်နာသူတွေနဲ့ ကျူးလွန်သူအများစုဟာ ဆယ်ကျော်သက်တွေ၊ အသက်မပြည့်သေးသူတွေ ဖြစ်ကြောင်း တွေ့ရှိရတယ်”လို့ ပြောပါတယ်။

တချို့က ဒါမျိုးကို နောက်ပြောင်မှုအဖြစ် ပယ်ချနိုင်ပေမဲ့ ဒါဟာ အမည်မဖော်လိုတဲ့ အကာအကွယ် အောက်မှာ နည်းပညာကို အသုံးချတဲ့ ရာဇ၀တ်မှုတခုဆိုတာ ထင်ရှားတယ်လို့လည်း ဆိုပါတယ်။

ဘယ်သူမဆို ဒီလို ဒစ်ဂျစ်တယ်လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေရဲ့ သားကောင် ဖြစ်သွားနိုင်ကြောင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေကို စေ့စေ့စပ်စပ် လုပ်ဆောင်ဖို့နဲ့ ဒီလို ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ လုပ်ငန်းအဆင့်တွေ လုပ်ဆောင်ဖို့လည်း သမ္မတက တိုက်တွန်းသွားပါတယ်။

အတုအယောင် (Deep fakes) ဆိုတာဟာ လူတယောက်ရဲ့ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲထားတဲ့ ဗီဒီယိုတွေကို မသမာနည်းနဲ့ အသုံးပြုခြင်း သို့မဟုတ် မှားယွင်းတဲ့ အချက်အလက်တွေကို ဖြန့်ဝေတာမျိုး ဖြစ်ပါတယ်။

တောင်ကိုရီးယားရှိ အမျိုးသမီးတွေရဲ့ မျက်နှာတွေနဲ့အတူ ညစ်ညမ်းတဲ့ အကြောင်းအရာတွေကို တည်းဖြတ်ထားတဲ့ ဗီဒီယိုအတုတွေကို ဖန်တီး/ဖြန့်ဖြူးနေတယ်လို့ သံသယရှိစရာ အကြီးစား လူအုပ်စုလိုက် စကားပြောခန်း (Chat Room) တွေကို တယ်လီဂရမ်လို့ လူမှုမီဒီယာပလက်ဖောင်းတွေမှာ တွေ့ရှိထားတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013