DVB Logo
Home
နိုင်ငံတကာ
အသက်အန္တရာယ်ခြိမ်းခြောက်မှုများအတွက် ပရီဂိုရှင်နှင့် ဝဂ္ဂနာတပ်မှူးကို သတိပေးခဲ့ဟု ဘယ်လာရုစ် သမ္မတ ပြော
DVB
·
August 26, 2023
အသက်အန္တရာယ်ခြိမ်းခြောက်မှုများအတွက် ပရီဂိုရှင်နှင့် ဝဂ္ဂနာတပ်မှူးကို သတိပေးခဲ့ဟု ဘယ်လာရုစ် သမ္မတ ပြော
Donate to DVB

ရုရှားကြေးစားတပ်ဖွဲ့ အကြီးအကဲ ယဲ့ဗ်ဂယ်နီ ပရီဂိုရှင်နဲ့ ဝဂ္ဂနာတပ်မှူး ဒီမစ်ထရီ အု(တ်)ကင် တို့ကို သူတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေအတွက် သတိထားဖို့ သတိပေးခဲ့ဖူးကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှန်ကိုက သြဂုတ် ၂၅ ရက်မှာ ပြောကြားခဲ့ပြီး ဝဂ္ဂနာ တိုက်ခိုက်ရေးသမားတွေဟာ ဘယ်လာရုစ်မှာ ဆက်ရှိနေမယ်လို့ အခိုင်အမာ ပြောပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ပရီဂိုရှင်ရဲ့ ဇွန်လအတွင်း ပုန်ကန်မှုကို ချေမှုန်းပစ်မယ်လို့ အစပိုင်းမှာ ကြုံးဝါးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ပရီဂိုရှင်နဲ့ သူ့တိုက်ခိုက်ရေးသမားတွေကို ဘယ်လာရုစ်ကို သွားခွင့်ပြုမယ်လို့ သဘောတူခဲ့တာပါ။ 

ဒီသဘောတူညီချက်ကို အကျိုးဆောင်ပေးသူ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက သူဟာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင်ကို မရှင်းပစ်ဖို့ ပူတင်ကို တိုက်တွန်းခဲ့ကြောင်း ထောင်ထဲမှာ ပြောတဲ့ ဘန်းစကားတွေ သုံးပြီး ပြောဆိုပါတယ်။ 

ဘယ်လာရုစ်ခေါင်းဆောင်က ပရီဂိုရှင်ကို သူ့အသက် အန္တရာယ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကြောင့် စိုးရိမ်ကြောင်း လေးလေးနက်နက် သတိပေးခဲ့ပေမယ့် ပရီဂိုရှင်က ၂ ကြိမ် တိုင်တိုင် ပယ်ချခဲ့တယ်လို့ လူကာရှန်ကိုက သောကြာနေ့မှာ ပြောကြားပါတယ်။ 

ပရီဂိုရှင်နဲ့ရော ပူတင်နဲ့ပါ  မိတ်ဆွေဖြစ်တဲ့ လူကာရှန်ကိုက ဒီလေယာဉ်ပျက်ကျမှုမှာ ပူတင်နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်။ 

သူ သိကျွမ်းတဲ့ ပူတင်ဟာ အမြဲသတိကြီးကြီးထား တွက်ချက်နေပြီး အေးဆေး လေးကန်တဲ့သူ ဖြစ်လို့ ဒီကိစ္စကို ပူတင်လုပ်တယ်လို့ အပြစ်တင်တာဟာ နဲနဲရိုင်းပြီး ပရော်ဖက်ရှင်နယ် မဆန်ဘူး လို့လည်း သူက ဆိုပါတယ်။ 

ပူတင်ရဲ့ အမိန့်ညွှန်ကြားချက်ကြောင့် လေယာဉ်ပျက်ကျမှုမှာ ပရီဂိုရှင် သေဆုံးသွားရတယ် လို့ အနောက်တိုင်းမှ ခန့်မှန်းပြောဆိုချက်တွေဟာ လုံးဝ အလိမ်အညာဖြစ်တယ် လို့ ကရင်မလင် နန်းတော်က သောကြာနေ့မှာ ပြောဆိုခဲ့ပြီး ပရီဂိုရှင် သေဆုံးကြောင်းကို အတည်ပြုဖို့ ငြင်းဆိုခဲ့တဲ့ အပြင် စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဝဂ္ဂနာတပ်ဖွဲ့ကတော့ ဘယ်လာရုစ်မှာ ဆက်ရှိနေမှာဖြစ်ပြီးတော့ အတူအလုပ်လုပ်ဖို့ရှိကြောင်းနဲ့ ပရီဂိုရှင်၊ ဒီမာအု(တ်)ကင်နဲ့ တခြားတပ်မှူးတွေနဲ့ ပြောခဲ့သမျှ ကတိစကားတွေကို ဖြည့်ဆည်းပေး သွားမှာဖြစ်ကြောင်းလည်း လူကာရှန်ကိုက ပြောပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013