DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့၌  လဝက က  စမတ်ကတ်များ ပြုလုပ်ပေးနေ
DVB
·
August 26, 2023
မိုးကုတ်မြို့၌  လဝက က  စမတ်ကတ်များ ပြုလုပ်ပေးနေ
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက မိုးလုံလေလုံ အားကစားခန်းမမှာ သြဂုတ်လအတွင်း စမတ်ကတ် ပြုလုပ်ပေးနေပြီး ဒေသခံ ရာနဲ့ချီ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရ​ပါတယ်။

စမတ်ကတ်ကို စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတွေကို ပြုလုပ်ပေးခဲ့ပြီးနောက် ရပ်ကွပ်နေ ဒေသခံပြည်သူတွေက သွားရောက်ဖောင်ဖြည့်ပြီး လုပ်ဆောင်နေတာလို့ ​ဒေသခံတဦးက ဆိုပါတယ်။

“ကတ်လုပ်ပေးတာ အလကား၊ ပိုက်ဆံမပေးရဘူး၊ ဖောင်ဖြည့်ရတယ်၊ တန်းစီရတာတောင် တနာရီလောက်ကြာတယ်၊ လာလုပ်သူ အရမ်းများတယ်” လို့ မျက်မြင်တွေ့ခဲ့သူ ဒေသခံတဦးက ပြောပါတယ်။

စမတ်ကတ်ပြုလုပ်ဖို့ မှတ်ပုံတင်မူရင်း၊ မှတ်ပုံတင်မိတ္တူတခု၊ သန်းခေါင်စာရင်း မိတ္တူတခု လိုအပ်ပြီး စမတ်ကတ်ကို မထုတ်ပေးသေးဘဲ ဖောင်ဖြည့်ထားကြောင်း စာရွက်တခုပဲ အရင်ပေးထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့တွင်းနေ ဒေသခံတဦးက “ဘယ်ကဘယ်လိုကြားပြီး သွားလုပ်ကြတယ်ဆိုတာ မသိဘူး။ စမတ်ကတ်ဆိုတာကိုလည်း မသိဘူး။ ဘာလုပ်ဖို့လိုတာလဲ ဆိုတာကိုပါ မသိတာ။ သူများ ကြိတ်ကြိတ်တိုးလုပ်နေမှ စမတ်ကတ်လုပ်နေကြမှန်း သိတာ” လို့ ပြောပါတယ်။

မိုးကုတ်မြို့က သက်ကြီးရွယ်အိုသာမက လူမျိုးမရွေး အကုန် သွားရောက်လုပ်ကိုင်နေကြ တယ်လို့ သိရပါတယ်။ မိုးကုတ်မြို့မှာ စစ်ကောင်စီတပ် လက်အောက်ခံ ဝန်ထမ်းတွေကို စမတ်ကတ် အရင်လုပ်ပေးတာဖြစ်ပြီး အခုမှ ဒေသခံတွေကို လုပ်ပေးတာလို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တဖက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး တဘက်မှာလည်း e-ID အီလတ်ထရောနစ် မှတ်ပုံတင်စနစ်ပြုလုပ်ဖို့ မြို့နယ်တချို့မှာ ကိုယ်ရေးအချက်အလက်တွေနဲ့ ဇီဝအချက်အလက်(Biometric) ကောက်ယူနေတာရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013