DVB Logo
Home
အားကစား
ဂျပန်ကလပ် ယူ-၁၂ အသင်းကို မြန်မာယူ-၁၂ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်နိုင်
DVB
·
August 25, 2023
ဂျပန်ကလပ် ယူ-၁၂ အသင်းကို မြန်မာယူ-၁၂ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်နိုင်
Donate to DVB

ဂျပန်နိုင်ငံ၊ ချီဘာဂိုမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် “U12 Junior Soccer World 2023” ပြိုင်ပွဲမှာ မြန်မာယူ-၁၂အသင်းဟာ ဂျပန်ကလပ် တိုကျိုဗာဒီယူ-၁၂အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာစံတော်ချိန် မနက် ၁၀ နာရီမှာ ကစားခဲ့တဲ့ပွဲစဥ်မှာ မြန်မာယူ-၁၂ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ကျောနံပါတ် ၁၀ အောင်လက သွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ သြဂုတ် ၂၅ ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်မှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဥ်မှာ Dawai House Dreams အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာ ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီး မြန်မာအသင်းအတွက်ဂိုးကို အောင်လကပဲ သွင်းယူခဲ့ပါတယ်။

မြန်မာအသင်းဟာ အုပ်စု ဂ မှာ ၃ ပွဲကစား ၃ ပွဲလုံး ရှုံးနိမ့်ခဲ့ပေမဲ့ အုပ်စုရပ်တည်မှု အဆင့်အရ အုပ်စု ဃ မှ ဂျပန်ကလပ် တိုကျိုဗာဒီနဲ့ ဆက်လက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့တာပါ။

မြန်မာယူ-၁၂ အသင်းဟာ သြဂုတ် ၂၄ ရက်က ဘာစီလိုနာယူ-၁၂ အသင်းကို ၄ ဂိုး ဂိုးမရှိ၊ ဂျပန်ကလပ် ဂျေအီးအက်ဖ်ယူနိုက်တက်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။

“U12 Junior Soccer World Challenge” ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်က စတင်ယှဥ်ပြိုင်ခဲ့ပြီး ဘာစီလိုနာအသင်းက ၅ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။

Photo - MFF

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013