DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်ရှိ အွန်လိုင်းလိမ်လည်ဂိုဏ်းများ၌ တရုတ်ဆယ်ကျော်သက် ၁၁ ဦး ပိတ်မိနေ
DVB
·
August 25, 2023
Donate to DVB

တရုတ်-မြန်မာနိုင်ငံနယ်စပ်ရှိ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေ ပြုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ လက်ထဲမှာ အသက်မပြည့်သေးတဲ့ တရုတ်နိုင်ငံသား ဆယ်ကျော်သက်လူငယ် ၁၁ ယောက်ထက်မနည်း ပိတ်မိနေတယ်လို့ သြဂုတ် ၂၄ ရက်မှာ တရုတ်သတင်းဌာနတခုဖြစ်တဲ့ Sixth Tone က ဖော်ပြပါတယ်။

မတ်လထဲကစတင်ပြီး မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်ဂိမ်းတွေမှာ အသက်မပြည့်သေးတဲ့ တရုတ်နိုင်ငံသား ၁၁ ယောက်ထက်မနည်း အလုပ်လုပ်ဖို့ ဖြားယောင်းသွေးဆောင်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Microbloggin ပလက်ဖောင်း Weibo မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ စိုးရိမ်နေတဲ့ မိဘတွေဟာ သားသမီးတွေနဲ့ ဆက်သွယ်ဖို့ ခက်ခဲနေကြောင်း သိရပါတယ်။

မိဘတဦးက “ကလေးနဲ့ စကားပြောခွင့်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲကို မတိုင်ကြားဖို့ ပြောတယ်။ တကယ်လို့ ရဲတွေကို တိုင်ကြားမယ်ဆိုရင် ကလေးက သူဒုက္ခရောက်သွားမယ်လို့ ပြောကြားခဲ့တယ်” လို့ ပြောပါတယ်။

တရုတ်လူငယ်တွေဟာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်၊ ၁၆ နှစ်အရွယ်တွေဖြစ်ပြီး ကြားခံပွဲစားက တယောက်ကို ယွမ် ၂၀,၀၀၀ (ကျပ်သိန်း ၁၀၀) ယူပြီး ကလေးတွေကို မြန်မာနိုင်ငံဆီ လူကုန်ကူးခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာလမရောက်မီ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ခရီးသွားတွေရဲ့ ၃၆ ရာခိုင်နှုန်းဟာ တရုတ်ခရီးသွားတွေ ဖြစ်တဲ့အတွက် အခုကိစ္စဟာ မြန်မာနိုင်ငံအတွက် ရှက်စရာကိစ္စတခုဖြစ်ပြီး တရုတ်နိုင်ငံခရီးသွားတွေလည်း မြန်မာနိုင်ငံကို ရှောင်ဖယ်လာကြပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်း၊ လာအို၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းပြီး လောင်းကစားနဲ့ အွန်လိုင်း လိမ်လည်မှုတွေကို တိုက်ဖျက်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။

Source - Sixth Tone

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013