DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် နန့်ယား KBC ဘုရားကျောင်း၌  ခိုလှုံနေသူ  ၁၀၀ ကျော် ပေါ်တာ ဆွဲခံရ
DVB
·
August 25, 2023
တိုက်ပွဲကြောင့် နန့်ယား KBC ဘုရားကျောင်း၌  ခိုလှုံနေသူ  ၁၀၀ ကျော် ပေါ်တာ ဆွဲခံရ
Donate to DVB

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့ အပြန်အလှန် ပိတ်ဆို့မှုကြောင့် ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့  ကားသမားတွေအပါအဝင် နန့်ယား KBC ဘုရားကျောင်းမှာ တိမ်းရှောင်ခိုလှုံလာတဲ့ အမျိုးသား အယောက် ၁၀၀ ကျော်ကို သြဂုတ် ၂၄ ရက်ညမှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ က  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနဦးသိရပါတယ်။

နန့်ယား KBC ဘုရားကျောင်းနဲ့ နီးစပ်သူ တဦးက "ည ၈ နာရီကျော်လောက်ကနေ ၁၀ နာရီကျော်လောက်ကြားမှာ ဘုရားကျောင်းဝင်းထဲ ဝင်လာ ခေါ်သွားတာပါ။ ဓမ္မအမှုတော်ဆောင် ၂ ပါး ပါသွားတယ်။ ကားသမားတွေဆို မနေ့ညနေကတည်းကနေ ပုန်းနေရတာ" လို့ ပြောပါတယ်။

ဖားကန့်ဘက်ကို ခရီးဆက်ဖို့ လူသားဒိုင်းအနေနဲ့ရော ပေါ်တာအနေနဲ့ပါ ခေါ်သွားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံက ပြောပါတယ်။

သြဂုတ် ၂၂ ရက် တိုက်ပွဲကြောင့် စစ်တပ်က  နန့်ယားဂိတ်ကနေ ဖြတ်ကျော်ခွင့်မပေးခဲ့ဘဲ ၁ ရက်ပိတ်ထားခဲ့ပြီး သြဂုတ် ၂၃ ရက် မနက်မှာ ခရီးဆက်ခွင့်ပြုခဲ့ပေမဲ့  ကေအိုင်အေက နန့်ယားဂိတ် က ဖြတ်တက်လာတဲ့ကားတွေကို ထပ်ပိတ်လိုက်တာမို့ ဖားကန့်အဆင်းအတက် ကားတွေ ခရီးသည်တွေဟာ လမ်းကြားမှာပဲ ပိတ်မိနေခဲ့တာပါ။

ခုချိန်မှာ မြစ်ကြီးနားကားဂိတ်မှာ ဖားကန့်ခရီးသည်တင်ကား အဝင်လုံးဝ မရှိသလို မြစ်ကြီးနားက ဖားကန့်ကိုထွက်တဲ့ ခရီးစဥ်တွေအားလုံး ရပ်ဆိုင်းကုန်ပြီဖြစ်တယ်လို့ ယာဥ်လိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဝှေခါလမ်းဖက်က ဆင်းလို့ရတယ်ဆိုရင်တောင် ဟိုဖက်လမ်းကြောမှာလည်း စစ်တပ်က လမ်းကို ဘက်ဟိုးနဲ့ ထိုးကာ ဖျက်ဆီးထားနှင့်ပြီလို့ ဝှေခါအဆင်းလမ်းဖက်နဲ့ နီးစပ်သူက ပြောပါတယ်။ ဝှေခါ လမ်းကနေ ဆင်းမယ်ဆိုရင်တောင် လမ်းဖျက်ထားတဲ့နေရာက ပြန်ကဲ့မှ ရမယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာကပြည်သူတွေအတွက်အမြဲစိုးရိမ်နေရပြီး  စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို ညဘက်မှာပဲ ဖမ်းခေါ်သွားပေမယ့် ဘယ်ကို ခေါ်သွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013