DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ကုန်စျေးနှုန်းများ ထပ်မံမြင့်တက်
DVB
·
August 24, 2023
ဗန်းမော်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ကုန်စျေးနှုန်းများ ထပ်မံမြင့်တက်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မန္တ​​လေးက ဆန်တက်လာတဲ့ စစ်သင်္ဘော ဆိုက်ရောက်လာချိန်ကနေ ၄ ရက်အတွင်း မြို့တွင်းမြို့ပြင် သွားလာမှုကို စစ်ကောင်စီက ကန့်သတ်ကာ မန္တလေးကားလမ်း၊ မြစ်ကြီးနားကားလမ်းတွေ အကုန်ပိတ်ထားတာကြောင့် အရင်ကတည်းက ကြီးမြင့်နေတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ ထပ်မံ မြင့်တက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

​မြို့ခံအိမ်ရှင်မတဦးက “မန္တလေးလမ်းလည်း ၄ ရက်ပိတ်လိုက်တော့ ကြက်သွန်ဖြူတွေ ၉,၅၀၀ စျေး ရောက်သွားတယ်။ ကြက်ဥတော့ ၃၀၀ ပေါ့။ ဝက်သားစျေးဆိုရင် မှောင်ခိုစျေးတောင် ၂၀,၀၀၀ ရောက်သွားတယ်။ လက်လုပ်လက်စားတွေအတွက်တော့ တကယ် ဒုက္ခရောက်ရပါတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်တွေဆိုရင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေလောက်ပဲ သွားလာလို့ ရခဲ့တယ်လို့ ဆိုပါတယ်။

မြို့တွင်း ရပ်ကွက်တွေအပြင် မြို့ပြင်အဝင်အထွက်ထိ ပိတ်ပစ်တာကြောင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေတောင် တာဝန်ကျတဲ့ရွာတွေကို သွားလာလို့မရခဲ့ဘူး လို့လည်း သိရပါတယ်။

စစ်လက်နက်နဲ့ ရိက္ခာတင်ဆောင်လာတဲ့ သင်္ဘော ၉ စီး ဆိုက်ကပ်လာတဲ့ ဩဂုတ် ၁၉ ရက် ကတည်းက ပစ္စည်းတင်ချ သယ်ယူနေချိန်တွေမှာ အထူးတင်းကျပ်လိုက်တာလည်း ဖြစ်ပါတယ်။ မြို့တွင်း မြို့ပြင် ဝင်ထွက်သွားလာ မရတာ​ကြောင့် ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“မြစ်ကြီးနားဘက်ကလည်း လမ်းပိတ် ကုန်မဝင် ကုန်မပို့ရ။ မန္တလေးဘက်ကလည်း ခဏလား ပြန်ပိတ်ဆိုတော့ အစစ အရာရာ စျေးတက်သွားရတာ ဖြစ်တယ်” လို့လည်း ပြောပြပါတယ်။

ရပ်ကွက်တခုနဲ့တခု ကြားမှာတောင် ဆိုင်ကယ် ဖုန်းတွေစစ်တော့ လမ်းတွေက လူပြတ် တိတ်ဆိတ်နေပြီး စစ်ကောင်စီက လှုပ်ရှားသွားလာနေတဲ့ တချို့နေရာတွေမှာ ဖုန်းလိုင်းပိတ်ပစ် အသွားအလာ ကန့်ပစ်တာမို့ လမ်းတဝက်မှာ ပိတ်မိနေတာမျိုး၊ စားသောက်ကုန် ဝယ်ယူဖို့တောင် ခက်ခဲခဲ့ရတာမျိုးတွေရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013