DVB Logo
Home
အားကစား
ဘာစီလိုနာနှင့် ဂျပန်ကလပ်တို့ကို မြန်မာယူ-၁၂ အသင်း ရှုံးနိမ့်
DVB
·
August 24, 2023
ဘာစီလိုနာနှင့် ဂျပန်ကလပ်တို့ကို မြန်မာယူ-၁၂ အသင်း ရှုံးနိမ့်
Donate to DVB

ဂျပန်နိုင်ငံ၊ ချီဘာဂိုမြို့မှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် “U12 Junior Soccer World 2023” ပြိုင်ပွဲ အုပ်စုပထမပွဲစဥ်မှာ မြန်မာယူ-၁၂ အသင်းဟာ ဘာစီလိုနာ ယူ-၁၂ အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အုပ်စုဒုတိယပွဲစဥ်ဖြစ်တဲ့ ဂျပန်ကလပ် ဂျေအီးအက်ဖ်ယူနိုက်တက်နဲ့ ပွဲစဥ်မှာလည်း မြန်မာယူ-၁၂ အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပြီး မြန်မာအသင်းအတွက် တလုံးတည်းသောဂိုးကို ကျောနံပါတ် ၈ ဇင်မင်းမြတ်သူက သွင်းယူခဲ့ပါတယ်။

အုပ်စုအတွင်း တခြားပွဲစဥ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ Daiwa House Dreams ပွဲစဥ်မှာ ဘာစီလိုနာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ဂျေအီးအက်ဖ်နဲ့ Daiwa House Dreams တို့ပွဲစဥ်မှာလည်း Daiwa House Dreams က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အုပ်စု ဂ မှာ ဘာစီလိုနာအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုပထမ၊ ဂျေအီးအက်ဖ်ယူနိုက်တက်က ၃ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဒုတိယ၊ Daiwa House Dream က ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယ၊ မြန်မာအသင်းက ရမှတ်မရှိနဲ့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

မြန်မာယူ-၁၂ အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် သြဂုတ် ၂၅ မနက် ၇ နာရီ ၄၅ မိနစ်မှာ Daiwa House Dream နဲ့ ယှဥ်ပြိုင်သွားမှာဖြစ်ပြီး အဲ့ဒီရလဒ်ပေါ်မူတည်ပြီး မနက် ၁၀ နာရီခန့်မှာ တခြားအုပ်စုက အသင်း ၁ သင်းနဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

“U12 Junior Soccer World Challenge” ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်က စတင်ယှဥ်ပြိုင်ခဲ့ပြီး ဘာစီလိုနာအသင်းက ၅ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013