DVB Logo
Home
မြန်မာသတင်း
မြန်မာဝမ်ပေါင်ကုမ္ပဏီလုံခြုံရေး ရဲတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် အလင်းဝင်
DVB
·
August 24, 2023
မြန်မာဝမ်ပေါင်ကုမ္ပဏီလုံခြုံရေး ရဲတပ်သား ၁ ဦး သေနတ် ၂ လက်နှင့် အလင်းဝင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြန်မာဝမ်ပေါင်ကုမ္ပဏီတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲတပ်သားတယောက်ဟာ ဒီကနေ့ မနက်အစောပိုင်းက သေနတ် ၂ လက်နဲ့အတူ CDM ပြုလုပ်ပြီး ပြည်သူ့ဘက်ပူးပေါင်း အလင်းဝင်လာခဲ့ပါတယ်။

အဆိုပါ ရဲတပ်သားဟာ ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့ကတဆင့် အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး ပထမတကြိမ် ထွက်ပြေးဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ပဲ ခုတကြိမ်မှသာ အောင်မြင်စွာ CDM ပြုလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

CDM ပြုလုပ်ကာ ပြည်သူ့ဘက် ရပ်တည်ပူးပေါင်းချိန်မှာတော့ သူနဲ့အတူ အူစီ ၁ လက်၊ G3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 7.62 ကျည် ၁၀ တောင့်၊ 9mm ကျည် ၉ တောင့်နဲ့အတူ စကားပြောစက် ၁ လုံး ယူဆောင်လာနိုင်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဆားလင်းကြီးမြို့နယ် သမန်ကျားတပ်ဖွဲ့အနေနဲ့ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားကို ဆုကြေးငွေ ချီးမြင့်ဖို့ ရန်ပုံငွေလိုအပ်နေတာကြောင့် အလှုငွေထည့်ဝင်လှုဒါန်းပေးကြဖို့လည်း  အကူအညီ တောင်းခံထားပါတယ်။

စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေးစေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်တာမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ သတိပေးထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကတဆင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013