DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ယူ-၁၂ ပြိုင်ပွဲဝင် မြန်မာယူ-၁၂ အသင်း ဂျပန်ရောက်၊ ဘာစီလိုနာယူ-၁၂ အသင်းနှင့် ယနေ့ ကစားမည်
DVB
·
August 24, 2023
ကမ္ဘာ့ယူ-၁၂ ပြိုင်ပွဲဝင် မြန်မာယူ-၁၂ အသင်း ဂျပန်ရောက်၊ ဘာစီလိုနာယူ-၁၂ အသင်းနှင့် ယနေ့ ကစားမည်
Donate to DVB

ဂျပန်နိုင်ငံ၊ ချီဘားမြို့မှာ ကျင်းပမယ့် ၁၁ ကြိမ်မြောက် "U12 Junior Soccer World 2023" ပြိုင်ပွဲကို ဝင်ယောက်ယှဥ်ပြိုင်မယ့် မြန်မာယူ-၁၂ အသင်းဟာ သြဂုတ် ၂၃ မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

မြန်မာယူ-၁၂ အသင်းနဲ့ တအုပ်စုထဲကျရောက်နေတဲ့ ဘာစီလိုနာယူ-၁၂ အသင်းကလည်း စပိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့  မနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး မြန်မာယူ-၁၂အသင်းနဲ့ ဘာစီလိုနာယူ-၁ ၂အသင်းတို့ရဲ့ပွဲစဥ်ကို သြဂုတ် ၂၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်မှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ညနေ ၃ နာရီ အချိန်မှာ Daiwa House Dream အသင်းနဲ့ကစားရမှာဖြစ်သလို၊ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဂျပန်ကလပ် ဂျေအီးအက်ဖ်နဲ့ပွဲစဉ်ကတော့  သြဂုတ် ၂၅ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တို့မှာ ယှဥ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ကျော်ဇံက ကိုင်တွယ်သွားမှာဖြစ်ပြီး ပမာဏကစားသမား ၄၀ ကနေ ဆန်ခါတင်ကစားသမား ၂၅ ဦး၊ အဲဒီကနေတဆင့်ကစားသမား ၁၈ ဦး ကို ရွေးချယ်ပြီး သုဝဏ္ဏအားကစားကွင်း လက်ရွေးစင်များ အဆောင်မှာထားရှိကာစခန်းသွင်း လေ့ကျင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

“U12 Junior Soccer World Challenge” ပြိုင်ပွဲကို ၂၀၁၃ က စတင်ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက ၅ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013