DVB Logo
Home
နိုင်ငံတကာ
နယူးယောက်တွင် လူသေစေနိုင်သည့် ဖန်တနောဆေးအကြောင်း အသိပညာပေး
DVB
·
August 23, 2023
Donate to DVB

အမေရိကန်နိုင်ငံ နယူးယောက်မြို့က တိုင်းမ်စကွဲရင်ပြင်မှာ သြဂုတ် ၂၁ ရက်က အီလက်ထရွန်းနစ် ကြော်ငြာဆိုင်းဘုတ်တခုမှာ “ထပ်စဥ်းစားပါ။ ဖန်တနောက လူသေစေနိုင်တယ်” ဆိုတဲ့ သတင်းစကားကိုပြသပြီး  ဖန်တနော ကာကွယ်ရေးနဲ့ အသိပညာပေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ကြော်ငြာဆိုင်းဘုတ်အောက်ကတော့ အမြတ်အစွန်းမရှာတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Facing Fentanyl အဖွဲ့က ကိုယ်စားလှယ်တွေဟာ ဖန်တနောရဲ့ အန္တရာယ်တွေအကြောင်း ဟောပြောခဲ့ကြပါတယ်။

အလွန်အကျွံသုံးစွဲခြင်းကနေ ကာကွယ်ဖို့ နည်းလမ်းတွေကို မျှဝေခဲ့ကြပြီး မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေကို အောက်မေ့သတိရမိခဲ့ကြပါတယ်။

အဖွဲ့ဝင်တွေဟာ ဆေးအလွန်အကျွံသောက်တာကို ကာကွယ်ရာမှာသုံးတဲ့ naloxone နှာခေါင်းဖျန်းဆေး Kloxxado ကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။

ဒီနည်းလမ်းဟာ အသက်တွေကို ကယ်တင်လိမ့်မယ်လို့ ၂၀၂၀ ပြည့်နှစ်တုန်းက ဖန်တနောအဆိပ်သင့်ပြီး  သားတယောက် ဆုံးရှုံးခဲ့ရတဲ့ ကမ်မီဗယ်လ်စီက ပြောပါတယ်။

၂၀၂၂ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ခန့်မှန်းခြေ လူပေါင်း ၁၁၀,၅၁၁ ဦးဟာ မူးယစ်ဆေး အလွန်အကျွံသောက်ခြင်းနဲ့ အဆိပ်သင့်ခြင်းတို့ကြောင့် သေဆုံးခဲ့ရတယ်လို့ ရောဂါထိန်းချုပ်ရေးဌာန (CDC) က ဆိုထားပါတယ်။

သေဆုံးသူစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ ဖန်တနောလို ဓာတုဆေးဝါးတွေကြောင့်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံကွပ်ကဲမှု နယူးယောက်ဌာနခွဲဟာ ၂၀၂၂ ခုနှစ်မှာ ဖန်တနောဆေးပြား ၇၂ သန်းကို သိမ်းဆည်းရမိခဲ့ပြီး ဒီပမာဏဟာ “နယူးယောက်ပြည်နယ် တခုလုံးက နိုင်ငံသားတွေကို သုံးကြိမ်တိုင်တိုင် သတ်ပစ်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။

ဖန်တနောဟာ ဘိန်းဖြူထက် အဆ ၅၀ လောက် ပိုအားကောင်းပြီး မော်ဖင်းထက် အဆ ၁၀၀ ပိုအားကောင်းတယ်လို့ CDC က ဆိုပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013