DVB Logo
Home
အားကစား
မက္ကဆီကိုကြက်တောင်မယ်ကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ အနိုင်ရ
DVB
·
August 23, 2023
မက္ကဆီကိုကြက်တောင်မယ်ကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ အနိုင်ရ
Donate to DVB

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ သြဂုတ် ၂၂ ရက်က ယှဥ်ပြိုင်ကစားခဲ့​တဲ့ ၂၈ ကြိမ်မြောက် ၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ ၆၄ သင်းအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက မက္ကဆီကိုကြက်တောင်မယ် ဟာရာမာရာကို ၂ ပွဲပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၆၁ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၉၀ ရှိတဲ့ မက္ကဆီကို ကြက်တောင်မယ်ကို ၂၁-၁၃၊ ၂၁-၁၉  နဲ့ အနိုင်ယူပြီး ၃၂ သင်းအဆင့်သို့ တက်ရောက်ခဲ့ပါတယ်။

သက်ထားသူဇာဟာ ၃၂ သင်းအဆင့်မှာ ကမ္ဘာ့အဆင့် ၁၄ ရှိတဲ့ ကနေဒါကြက်တောင်မယ် မီချယ်လီနဲ့ သြဂုတ် ၂၃ ရက်မှာ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

၂၀၂၃ ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပတာဖြစ်ပြီး အဆင့်တိုင်းမှာ ဆုကြေးငွေရရှိမှာဖြစ်ကာ ပထမရွှေတံဆိပ်ဆုကို ဒေါ်လာ ၁၃,၀၀၀ ရရှိမှာဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် ဒိန်းမတ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၅၄ နိုင်ငံက ကစားသမားပေါင်း ၃၆၇ ဦး ဝင်ပြိုင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ သက်ထားသူဇာတဦးသာ ဝင်ယောက်ယှဥ်ပြိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013